Part 54

2.3K 220 1
                                    

ရမ်ဆောင်းယွီ???
______________

စစ်ပွဲကြီးမှာ လူသားသန်းပေါင်းများစွာပါဝင်သည်။ ဒါတောင် ချန်တလာဘက်က မိစ်ဆာစစ်သည်တေ ထည့်မတွက်ချေနဲ့အုံး
တကယ်သာ ရေတွက်ရင် နှစ်ဖက်စစ်သည် စစ်သင်္ဘောပေါ်က လူတေနဲ့ရော ကဍေနဲ့ချီရှိနိုင်သည်။

ထိုကြောင့် ထိုစစ်ပွဲကြီးက ပျမ်းမျှအားဖြင့် နှစ်ရက်နီးပါးလောက် မရက်မနားကြာနေနိုင်သည်။

သို့ပေမဲ့လည်း စစ်မြေပြင်၌ ပုရွတ်ဆိတ်များ လှည်းသေနေသည်အလား လူသေပေါင်း မြောက်များစွာရှိနေတဲ့အပြင် မိုးသီးတေကြွေကျနေသည်အလား ကောင်းကင်၌ ဓားပျံနဲ့ တိုက်ခိုက်နေသူများမှာလည်း တစ်ဖြုတ်ဖြုတ်ကြွေကျ သေးဆုံးနေလေသည်။

တိုက်ပွဲ၌ ကျန်နေတဲ့ ဝမ်အင်ပါယာဘက်က လူတေက နည်းလာပေလည်း စစ်သားတေအားလုံးရဲ့ တစ်ကိုယ်လုံး ရန်သူသွေးတေ စွန်းထင်နေကြပြီး မျက်လုံးများ နီရဲနေကာ သတ်ဖြတ်လိုစိတ်အပြည့် သူတို့ရဲ့ ဓားကလည်း ရန်သူများရဲ့ အသတ်များကို အလွယ်တစ်ကူ ချွေချနေလေသည်။

ဒါက သိပ်မကြာလိုက်တဲ့ အချိန်လေးအတွင်း သေဆုံးမှုလူဦးရေပင် ‌ဒီနှုန်းအတိုင်းတာသွားရင် စစ်ပွဲကြီးက မှောင်တာနဲ့ပင် အနိုင်အရှုံးကွဲသွားနိုင်သည်။ ဒီအခြေ‌အနေမတိုင်ခင် အထိပဲပေါ့....

လင်ချူယုံက အခုထိ မြင်းညိုကြီးပေါ်မှာ ကောင်းစွာထိုင်ပြီး စစ်ပွဲထဲ စိတ်မရှည်မှု များစွာနဲ့ စောင့်ကြည့်နေသည်။ သူဟာ လုံးဝ စိတ်မရှည်နိုင်တော့ ဒီလူတေ ဘာ့ကြောင့်များ သေတာနှေးနေရတာလည်း ဒီတိုက်ပွဲက ခန့်မှန်းချိန် အနည်းဆုံး 7နာရီနည်းပါးလောက် ကြာနှင့်နေပြီ သေဆုံးမှုက တိုက်ပွဲရဲ့ တစ်ဝက်ကျော်လောက်သာ ရှိသေးသည်။ ဒီပုံအတိုင်းဆို သူ့ရဲ့ အစီအစဉ်ကို လုပ်နိုင်ဖို့ အတော်စောင့်ရပေလိမ့်မည်။

သို့ပေမဲ့လည်း စိတ်မရှည်တတ်တဲ့ လူတေပီပီ မိစ်ဆာစစ်သူကြီးနဲ့ လှပတဲ့ မိန်းကလေးတစ်ဦးက လင်ချူယုံအနား ပေါ်လာပြီး လင်ချူယုံကလည်း မြင်းပေါ်က ဆင်းလာပေသည်။

"ဒီလောက်ဆို မင်းဝင်သင့်နေနင့်ပြီထင်တယ်။"

လင်ချူယုံက သံမျက်နှာဖုံးရဲ့ နောက်ကွယ်ကနေ အေးစက်နေတဲ့ မျက်နှာလေသံနဲ့ ဆိုလေသည်။

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Donde viven las historias. Descúbrelo ahora