Part 34

3K 301 5
                                    

ဒဏ္ဍာရီလာ ပေါင်းစည်းခြင်း
________________________

ဝုန်းကခနဲနေအောင် ပွင့်ထွက်သွားတဲ့ နန်းတော်ကြီးရဲ့ အောက်ခြေ ခိုင်ခံ့လှတဲ့ တံတိုင်းကြီးတေနဲ့အတူ ‌အပေါက်ကြီးဖြစ်သွားပြီး ကြီးမားတဲ့ ဝံပုလွေကြီးက လူနှစ်ယောက်ကို တင်ကာထွက်လာလေသည်။ ထိုအချိန်မှာပဲ မိစ်ဆာစွမ်းအင်တေ အပြည့်က ဝန်းရံလာပြီး ပတ်ပတ်လည်မှာ မိစ်ဆာရုပ်သေးပေါင်း ထောင်ကျော်က ပြေးကာ ဝိုင်းအုံလာသည်။

ရှောင်ကျန့်တို့ မြေအောက်ခန်းထဲက ထွက်လာပြီး အင်ပါယာနန်းတော်ရဲ့ မှောင်မိုက်နေတဲ့ အနောက်ဘက်ချမ်းကို ရောက်လာလေသည်။ ထွက်ထွက်ခြင်း ဝိုင်းအုံလာတဲ့ စွမ်းအင်တေနဲ့ မိစ်ဆာတေကြောင့် ဖောက်ထွက်ဖို့ဆိုတာ မဖြစ်နိုင်တော့သလို အင်ပါယာနန်းတော်က အစီအရင်တေနဲ့ အပြင် ပတ်ပတ်က မိစ်ဆာအစီအရင်တေဖြင့် သူတို့သုံးယောက်ကို ဒီနေရာက ဘယ်မှထွက်လို့မရအောင် ချုပ်နှောင်ထားသည်။

"ငါ့ကို ထားခဲ့ပြီး မင်းတို့ပြေးတော့"

လီရှင်းအာက ရှောင်ကျန့်ရဲ့ ရင်ခွင်ထဲကနေ ရုံးကန်ရင်း ပြေးဖို့ပြောသည်။ ခုချိန်မှာ သူ့ရဲ့အမြုတေက အက်ကွဲနေပြီး တိုက်ပွဲဝင်ဖို့ဆိုတာ မဖြစ်နိုင် ဒီကလေးနှစ်ယောက်ထဲ ထိခိုက်မှာ စိုးလှသည်။

"ကျွန်တော်တို့က ခင်ဗျားကိုလာကယ်တာ ခင်ဗျားမပါပဲ မပြန်နိုင်ဖူး တိုက်ကြတာပေါ့ ဝမ်"

ပျက်သားလှတဲ့ ဆုံးဖြတ်ချက်နဲ့ ရှောင်ကျန့်က ဝံပုလွေကြီးပေါ်ကနေ ဆင်းပြီး လီရှင်းအာကို အောက်မတ်တပ်‌ရပ်စေကာ သူ့ရဲ့ ပခုံးပေါ်ကို မှီစေသည်။
ဝံပုလွေကြီးက လူပုံပြောင်းကာ သူတို့နှစ်ယောက်ရဲ့ ရှေ့မှာ သွေးပင်လယ်ကို ကိုင်ကာ ကာကွယ်ပေးရန်အသင့်

တောင့်တောင့်ကြီးရပ်သွားကြတဲ့ မိစ်ဆာရုပ်သေးရုပ်တေနဲ့အတူ
ပေါက်ထွက်နေတဲ့ နန်းတော်ကြီးရဲ့ အပေါက်ကြီးကြားက အမဲရောင်အငွေ့အသက်တေပြည့်နေတဲ့ လူတစ်ဦးက ထွက်လာလေသည်။

"စိတ်မကောင်းစရာပဲ ရှားပါးတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ပါရမီရှင်တေက ဒီလိုမျိုး မဖြစ်နိုင်တာကို လုပ်ရင်း အသက်ပေးသွားရတယ်ဆိုတာ"

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}जहाँ कहानियाँ रहती हैं। अभी खोजें