Chapter (8)

520 61 3
                                    

" ဂျီဂျီလုံးရားးးး ဆေးရုံမှာပဲမလား ထယ် လာချင်တယ် "

" မရစ်နဲ့ကွာ ထယ်ရာ ဂျီ duty ချိန်ရောက်တော့မှာ "

" ဂျီဂျီကလဲ ဂျင်ဟျောင်းကျတော့ လာခိုင်းပြီး လူကို ခွဲခြားဆက်ဆံတာလား စိတ်ဆိုးတော့မှာနော် "

" လာခဲ့ကွာ လာခဲ့ "

ဖုန်းချလိုက်ပြီး ဂျီမင် သက်ပြင်းပါထပ်ချလိုက်ရသည်

ထယ် က ဆိုးပြီ ဆို ဂျစ်ကန်ကန်လေး

Philophobia ဖြစ်ပြီးတဲ့နောက်ပိုင်း ခံစားချက်တွေထုံထိုင်းကုန်ပေမယ့် ဖြူဖြူစင်စင်သံယောဇဥ်ကလေးတော့ ကျန်နေဆဲ

လေထောင့်ပုံ အပြုံးလေးတွေ နှုတ်ခမ်းပါးလေးက ပြုံးတိုင်း အဖြူရောင်သံယောဇဥ်နဲ့အေးချမ်းရသည်

ဂျီမင် ထိုင်နေတဲ့ပြတင်းပေါက်ဘေးက ချယ်ရီပင်ကြီးဆီလှမ်းကြည့်လိုက်သည်

ဒီလို ချယ်ရီပင်အောင်မှာ မင်းပြန်ကြိုက်လာမလား ဆိုပြီး ချယ်ရီပန်းတွေကြွေတိုင်း လိုက်ဖမ်းရင်း ဆုတောင်းခဲ့ဖူးတဒဲ့ အမှတ်တရတွေ ရှိဖူးတယ်

အဲတုန်းက ချစ်ရင်ချစ်ပါတယ် မုန်းပါတယ် လို့ ဝေဝေ ဝါးဝါး ဖြစ်မနေပဲ ချစ်ရဲမုန်းရဲ ခဲ့တယ် အခုတော့...... အခုတော့

အသက်ရှင်နေမှန်းတောင် အသက်ရှူလို့သိရပြီး ခံစားချက်တွေမရှိတော့တဲ့အခြေအနေ

မင် ခဏတော့ ပြုံးလိုက်မိသည်

ထို့နောက် နင့်နင့်သီးသီးငိုကြွေးမိတော့သည်

ခြေဖဝါးသေးသေးလေးတွေနဲ့ မကခုန်နိုင်တော့တဲ့အချိန်ကထဲကလား

အဖွားဆုံးသွားပြီးတဲ့နောက် အမျိုးတွေရဲ့ အဖွားကို နင်သတ်တာ ဆိုတဲ့အကြည့်မျိုးလက်ခံရခဲ့တဲ့အချိန်ကတည်းလား

လက်ထပ်ထားတဲ့သူရဲ့ ရည်းစားက အရှက်ခွဲခဲ့တဲ့အချိန်ကလား

တစ်ကျောင်းလုံးရဲ့ အလှောင်ခံဖြစ်ခဲ့ရတဲ့နေ့တွေကထဲလား

ခံစားချက်တွေ ထုံထိုင်းသွားခဲ့တာများ
ပျော်စရာကိစ္စလဲ လှိုင်းသေလို stimulus တွေနဲ့
ဝမ်းနည်းနေလဲ ဒီအတိုင်း

Darling ( BTS X PJM ) Dove le storie prendono vita. Scoprilo ora