Chapter 6

549 56 4
                                    

Jiminine ရော hyung ရောပါ မတွေ့တော့တာမလို့ ထယ် ပွဲထဲ မျက်လုံးလေးကလည်ကလည်ဖြင့် လိုက်ရှာနေရသည်

ပြီးမှ ပွဲခန်းမရဲ့ နံရံအကွယ်မှာ ပြုံးပြုံးရွှင်ရွှင်စကားပြောနေတဲ့နှစ်ယောက်ကိုတွေ့မှ စိတ်ချသွားရသလို တစ်ပြိုင်နက်တည်း ဆူပုပ်သွားရသည်

ထယ်ကတော့ လိုက်ရှာနေတာ သူတို့ကစကားပြောနေတဲ့ အပြင် ရီပါ ရီနေကြသေး

" ဒါလင့်အကိုက ဂျီမင်းနီး ကို သဘောကျနေတာပဲ လေဆိပ်ကထဲက ထင်နေပါတယ်လို့ "

" မ ဘာတွေ ပြောနေတာလဲကွာ အေးဆေးနေ "

" ဟော မ က အမှန်အတိုင်း ပြောနေတာလေ ထယ် ရယ် အကိုဆော့ဂျင် မျက်လုံးတွေကိုမမြင်ဘူးလား "

ထယ်ယောင်း စိတ်ရှုပ်ရှုပ်နဲ့ခေါင်းကုပ်နေမိတုန်း ရုတ်တရက်မထင်ထားမိတဲ့ မြင်ကွင်း ရောက်ချလာသည်

ဂျီမင်းနီးကို ဂျင်ဟျောင်း က နမ်းလိုက်ခြင်း

တောင့်ခဲနေသည့် ဂျီမင်က ကူကယ်ရာမဲ့စွာ ဟျောင်းရဲ့အင်္ကျီလေးကို လက်သေးသေးလေးတွေနဲ့ဆုပ်ကိုင်ခြင်းဟာ ထယ့်ကို ဘာကြောင့်နာကျင်စေပါသလဲ

နှုတ်ခမ်းခြင်းခွာလိုက်ပြီးနောက် ဂျင်ဟျောင်းက ဂျီမင်းနီးကို သူ့ရဲ့ကျယ်ပြန့်ရဲ့ရင်ခွင်ကြီးထဲထည့်သိမ်းလိုက်ကာ ရွှေဝါရောင် ဆံပင်လေးတွေနဲ့ နားသယ်စပ်လေးတွေကို တရှုံရှုံနမ်းသည်

ထယ် ပျက်သွားတဲ့မျက်နှာကို ဘာမှမဖြစ်သလို ပြင်လိုက်ပြီး လက်ကို လက်အိပ်ထဲထည့်လိုက်ကာ တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်သည်

Sorae ကတော့ ထယ့်ကို ကြည့်ပြီး တစ်ခုခုကိုသဘောပေါက်သလိုပြုံးကာ ပွဲထဲပြန်ဝင်သွားသည်

" hyung တို့ ဘာလုပ်နေကြတာလဲ "

ထယ့်အသံကြားတော့ နှစ်ယောက်သားလူချင်းခွာလိုက်ကာ မျက်လုံးတွေက ဂနာမငြိမ်

" လုပ်စရာရှိလို့ပါ ထယ်ထယ်ရာ ဂျင်ဟျောင်း မင် သွားပြီနော် "

" ကိုယ်လိုက်ပို့မယ် မင် ယောင်းလေး ပွဲထဲနေလိုက်ဦးနော် "

ခပ်သုတ်သုတ် ပြေးထွက်သွားတဲ့နှစ်ယောက်ကို ကြည့်ပြီး မျက်ခမ်းလေးတွေ နီလာသည်

Darling ( BTS X PJM ) Where stories live. Discover now