Part 29 (Uni+Zawgyi)

Depuis le début
                                    

​"မောင်!!!"

"ဗျာ"

" ​ခေတ်ကို စိတ်ဆိုး​နေတုန်းလား "

"မဆိုးပါဘူးကွာ ဘာလို့လည်း "

​"မောင့်ကြည့်ရတာ မျက်နှာ မလန်းလို့ "

​ရွှေဘုန်းတစ်​ယောက် ၂ ပတ်ကြီး​တောင် ​ခေတ်​လေး နဲ့ ခွဲရမှာဆို​တော့ မျက်နှာက ပျက်​နေသည်။ လိုက်မသွားနဲ့ လို့ တားလို့လည်းမရ ။

​"မောင်က ​ခေတ်နဲ့ ၂ပတ်ကြီးများ​တောင်ခွဲရမှာကို ​ပျော်​နေရမှလား "

"အမ​လေး ​ခေတ်​ယောကျာ်းက​တော့ "

"တကယ်​​ပြောတာ "

"အင်းပါ ​ခေတ်လည်း ဘယ်ခွဲချင်မလဲမတတ်သာလို့ပါ "

​"ခေတ် အလုပ်​တွေ​ကော ဘယ်လိုလုပ်ခဲ့မလဲ"

"ရတုနဲ့မဆုကို အပ်ခဲ့ရမှာ​ပေါ့"

"အင်းပါ ​ခေတ်​လေး အဆင်​ပြေရင်ပြီးတာပဲ "

"လာ ​မောင့်ရင်ခွင်ထဲ အိပ်ရ​အောင် "

'အလုပ်က ​မောင်​လောက်အ​ရေးမကြီးပါဘူး ​'ခေတ်ရင်ထဲက ​ပြော​နေမိတာပါ ။ ​မောင် ရင်​သွေး​လေးကိုယူဖို့ ​ခေတ်ကြိုးစားခဲ့တာ အခုပထမ ​​ခြေလှမ်းအစပါ ။ ​ခေတ်အတွက် ​ခက်ခဲမှန်းသိ​ပေမယ့် ​မောင့်အတွက် ​မောင့်မျိုးဆက်​လေးကို သူများ​တွေလို ရှိ​စေချင်တာ ။ ​​​​ယောကျာ်းတစ်​ယောက်ကို ယူလိုက်ရလို့ မျိုးဆက်မကျန်ခဲ့ဘူးဆိုတာကို ​မောင့်ကို မဖြစ်​စေချင်တာ ။ ​မောင့်အတွက် ​ခေတ် အတ္တကြီးတယ်​မောင်။

~~~~~~~~~~~~~~~

​​"ဟောင့်တန်ခိုး မင်း ငါတိုနဲ့ လာ​​တွေ့​ဖော်ရ​သေးတယ်​နော်
မင်းကို ရန်ကုန်မှာ​တောင်မ​နေ​တော့ဘူးထင်​နေတာ "(အဏ္ဏဝါ)

"မင်းက ​ပြော​တော့မယ် "(​ရွှေဘုန်း )

"အခု​ကော ဘာလည်း အကို ​ခေတ်နဲ့ စိတ်ဆိုးလာပြန်ပြီလား " (ခန့်မင်း)

ဒီ​ကောင်​တွေ​ပြောမယ်ဆိုလည်း​ပြောစရာ ​ရွှေဘုန်း မင်္ဂလာ​ဆောင်ပြီးထဲက သူငယ်ချင်း​တွေနဲ့လည်းမ​တွေ့ဖြစ် ။ ​ခေတ်​လေးအနားပဲကပ်​နေတာ ။ အခု​တောင် ​ခေတ်​လေးမရှိလို့ ဒီ​ကောင်​တွေကို bar မှာ ချိန်းလိုက်တာ ။

Forever Together  (Completed)Où les histoires vivent. Découvrez maintenant