ဒါပေမယ့်လူတွေက သူ့တို့ကိုကြည့်နေသဖြင့် မေယွဲ့မှာအတတ်နိုင်ဆုံး မျက်နှာမပျက်အောင်ထိန်းနေရသည်။ မော့ပိုင်လည်းရှိနေသည်မလား။မေယွဲ့ အကြံတစ်ချို့ ဖြတ်ကနဲ ရလိုက်သည်။

ရှားမေယွဲ့- " နင်ကလည်းဟာ...နင်ပြသနာဖြစ်တိုင်းငါပဲလိုက်ရှင်းနေရတာ...ငါကိုလည်းသနားပါအုံးဟာ "

မေယွဲ့က အသံကိုတမင်ကျယ်ကာပြောလိုက်သည်။အကြောင်းစုံမသိတဲ့ငတုံးတွေက သူ့ကို သူငယ်ချင်းကိုအရမ်းလေးထားတဲ့လူလို့မြင်ပြီး ဝမ်ပိုင်ကိုတော့ လူဆိုးလူရမ်းကားလို့မြင်လာလိမ့်မည်။

Others-" ဟယ်ဟုတ်ပ...အားနာမှုလည်းမရှိဘူး...ဒီလိုလူမျိုးကိုမေယွဲ့က...ဘာလို့ခယပြီးပေါင်းနေရတာလည်း "

Others- " နင်ကလည်းဟယ်...မေယွဲ့က ဖြူစင်ပြီး...ကြင်နာတတ်တာကို "

မေယွဲ့မှာ သူဖြစ်ချင်သလိုဖြစ်လာသဖြင့် နောက်တစ်လှမ်းတိုးရန်ကြံတုန်း ဝမ်ပိုင်ဆီက စကားပြောသံထွက်လာသည်။

Host- " အဲ့တာက...သူတို့ကနင့်ကိုအနိုင်ကျင့်တယ်ဆိုပြီး...ငါကိုလာပြောလို့...ငါကနင့်အတွက်လက်စားချေပေးတာလေ...နင်မမှတ်မိတာလား...မေ့ချင်ဟန်ဆောင်နေတာလား "

တကယ်လည်းဟုတ်သည် ဒီကိုယ်ပိုင်ရှင်မှာ ဗလသာမရှိတာ သူများကိုကာကွယ်ပေးချင်နေသေးသည်။တစ်နည်းဆိုရလျှင် သူငယ်ချင်းအပေါ်သစ္စာရှိလွန်းပြီး သူငယ်ချင်းကိုထိရင်မခံတတ်သောလူမျိုးဖြစ်သည်။ သူငယ်ချင်းပင် မဟုတ် မိဘ၊ဆွေမျိုး ကိုယ်ချစ်တဲ့လူတွေအပေါ်ကိုလည်း ထိုနည်းတူစွာပင် ပြုမှုသည်။ ဒါပေမယ့် သူမသိခဲ့တာက ကိုယ်က စိတ်ရင်းအမှန်နဲ့ဆက်ဆံပေမယ့် ကိုယ်နောက်ကျောကိုဓားနဲ့ထိုးဖို့ချောင်းမြောင်းနေတဲ့ လူတွေရှိတာကိုမေ့နေချင်းပင်။ မေတ္တာတွေရောင်ပြန်မဟက်ခဲ့တာတော့ခက်သည်။ သူ့မှာဇာတ်လိုက်မပြောသံကြားတော့စိတ်ဆိုးပြီး အဲ့လူတွေကိုရန်သွားလုပ်လို့ အရိုက်နှက်ကခံလာရတတ်သေးသည်။

Others- " ဟယ်!...အဲ့လိုကြီးလား ...ဒါဆိုဘာလို့မေယွဲ့ကဘာလို့...သူခံရသလိုပြောနေတာလည်း "

Others- " လူကြားအောင်အောင်ပြောတာပါဟယ် "

ရှားမေယွဲ့- " ငါက...အဲ့လိုသဘောမဟုတ်ပါဘူး...နင်ဒဏ်ရာရမှာစိုးရိမ်လို့ပါ "

မေယွဲ့မှာ ဝမ်ပိုင်ကပြန်ပြီးပြောမယ်လို့မထင်ထားသဖြင့် အနည်းငယ်ထိတ်လန့်သွားရသည်။ဘာပဲဖြစ်ဖြစ် တစ်ခုလိုချင်ရင်တစ်ခုကိုစွန့်လွှတ်ရမှာပဲ။ ထိုနည်းတူ မော့ပိုင်ကိုလိုချင်ရင် သူမရဲ့ကိုယ်ကျင့်သိက္ခာနဲ့အရှက်တရားကို စွန့်လွှတ်နိုင်သည်။ ဘာပဲဖြစ်လာဖြစ်လာ သူမလိုအပ်သည်က မော့ပိုင်သာ။

Host- " အင်း "

ဝမ်ပိုင် ဒရမ်မာချိုးရတာပျင်းလာသဖြင့်ရပ်လိုက်သည်။
ဇာတ်လိုက်မလည်း ဆရာရောက်လာသဖြင့်သူခုံကိုသာသွားထိုင်လိုက်သည်။
ဝမ်ပိုင်ဇာတ်လိုက်ကို လှမ်းရှိုးလိုက်တော့ ဇာတ်လိုက်မှာ စာအုပ်ထဲ ခေါင်းကြီးဝင်တော့မတတ် ဖြစ်နေသည်။ သေချာပြီ ဇာတ်လိုက်ခုနက ဒရမ်မာကိုမမြင်လိုက်ဘူးဆိုတာ။ မမြင်တာထားပါတော့ မကြားတာကတော့လွန်သွားပြီလို့မထင်ဘူးလား ဒီလောက်ကျယ်တာကို။

........

Host- ဒီကမ္ဘာဇာတ်လိုက်က...
ရုပ်ကမထင်ရပေမယ့်...တကယ်တော့...စာကျမ်းပိုးဖြစ်နေတာကို

လင်းမော့ပိုင်-စာလုပ်မှ...ဗဟုသုတရှိမှာ...ခွေးပေါက်လေးမသိဘူးလား

Host-ဟွန့်...ကျွန်တော်လည်းစာလုပ်ပါတယ်နော်...တနေကုန်စာနဲ့မျက်နှာနဲ့ကိုမခွာတာ

Six- wattpad နဲ့လေ

လင်းမော့ပိုင်- ဘာနဲ့လုပ်လုပ်...စာလုပ်တာကောင်းတာပေါ့...ခွေးပေါက်လေးကလိမ္မာလိုက်တာ

Host-ဟုတ်တယ်...ဘာနဲ့လုပ်လုပ် အဓိကစာလုပ်ဖို့လေ

Six- 😑😑

system one o six(106) S -1 ( Z &U )Where stories live. Discover now