Part 53 ( unicode )

Start from the beginning
                                    

"ငါသိပ်နောင်တရတယ် ချူယုံ မင်းနဲ့ ရင်းနှီးခဲ့မိလို့"

လင်ချူယုံက ဒီစကားကို ကြားတော့ မျက်နှာပျက်ယွင်းသွားခဲ့တယ်။ လူတိုင်းက သူနဲ့ ရင်းနှီးခဲ့မိတာကို နောင်တရသည်လား ထို့အတွက်ဘာဖြစ်လည်း ဒီလူအားလုံး သူလက်ထဲမှာ ဒါမှမဟုတ် သူ့ကြောင့် သေဆုံးရတော့မှာ

"ဟား ..ဟား ...ဟား ..
ဘာလုပ်ရမှာလည်း အဲ့အတွက်
စကားများမှာလား ဒီပွဲမှာ မင်းတို့ အဆုံးသတ်ခဲ့ရင် မင်းတို့ ပိုင်ဆိုင်သမျှ ငါမဟုတ်ရင်တောင် တစ်စုံတစ်ယောက်က ဖြတ်ဆီးပြစ်ဖို့ စောင့်နေတာ"

ထိုစကားကို အားလုံးရဲ့ မျက်နှာကို ပျက်ယွင်းသွားစေတယ်။
သူတို့ဟာ ကြောက်လို့မဟုတ်ခဲ့ ချန်ဧကရာဇ်က လက်ရှိတပ်အင်အားက သူတို့ထက်အားနည်းပေမဲ့ ‌သူရဲ့ နောက်မှာ သူတို့မြင်နေရတဲ့ နတ်မိစ္ဆာစစ်သည်တေရှိနေသည်။ ချန်ဧကရာဇ်မှာ ဘာဝှက်ဖဲတေ ရှိနေမှန်း ရိပ်မိစ ပြုလာပြီ
သို့ပေမဲ့လည်း လူသားတေကို ကာကွယ်ရမှာ သူတို့တာဝန်မလို့

"တိုက်ကြ "

ဝမ်ဧကရာဇ် ဝမ်ရိရှင်းရဲ့ အချက်ပြသံကြောင့် ကျယ်လောင်တဲ့ အုပ်ဩဆွဲသံနဲ့အတူ နှစ်ဖက်အဖွဲ့ရဲ့ အားကြိုးမာန်တက် အော်သံတေ ဆူညံလာတယ်။

သန်းပေါင်းများစွာသော နှစ်ဘက်စစ်သည်တေ
ပြေးလွှားတိုးကပ်လာတာနဲ့ အညီ မြေပြင်က ဖုံတေ အလုံးအရင်းနဲ့ ဝင်လာတယ်။

ကျယ်ပြန့်တဲ့ မြေပြင်မှာလည်း ရေစီးသံတေကို အမြှောက်စံ ပြစ်သံတေကြောင့် ဆူညံလာပြီး ပြင်းထန်စွာ ရွေ့လျားရှောင်တိမ်းနေတဲ့ သင်္ဘောတေကြောင့် စီးဆင်းနေတဲ့ မြစ်မှာ လှိုင်းခတ်ထံမှုတေက ဖုံးလွှမ်းသွားသည်။

တပ်ဖွဲ့နှစ်ခုလုံးရဲ့ လူတေက ဓားပျံတေနဲ့ ခွဲထွက်ပြီး ကောင်းကင်၌ ထိပ်တိုက်တွေ့ရန်ဦးတည်နေတယ်။

အားလုံးထက် လျှင်မြန်တဲ့ အနီရောင် အလင်းတန်းလေးက ဝမ်တပ်ဖွဲ့ထဲမှ ဦးတည်ကာ ထွက်ခွါသွားပြီး ချန်တပ်သားတေကို ထိုးခွင်းသွားတယ်။

ထိုအလင်းတန်းလေးက မီးခိုးရောင် ဝံပုလွေကြီးနဲ့ ထိုပေါ် ထိုင်နေတဲ့ အနက်ရောင် ဝတ်ဆုံနဲ့ လူတစ်ဦး
ထိုအလင်းတန်းလေး ပြေးဝင်သွားတဲ့ နေရာမှာပဲ လွင့်ထွက်သွားတဲ့ လူတေအားလုံးဟာ ခေါင်းတေမပါလာတော့ မြေပြင်ပေါ်ကျလာတဲ့ ခန္ဓာကိုယ်မှ တစ်စိမ့်စိမ့်သွေးများ ပန်းထွက်လာပုံမှာ ဝမ်တပ်သားတေ အားတက်စရာပင်

 What is love?[အချစ်ဆိုသည်မှာ (system )]{Completed}Where stories live. Discover now