ထက်မြက်လှသည့် ကြင်ယာတော်

Start from the beginning
                                    

ထိုသို့တွေးမိလိုက်တော့ ထယ်ယောင်းမခိုးမခန့်ပြုံးမိသည် ။ သူ့အတွက်တော့ ဂျောင်ကုနှင့်ယှဉ်ရင် အကုန်လုံးက ဖွဲနှင့်စကွဲ ပင်မဟုတ်ပါလား ။ ဂျောင်ကုနှင့်ပတ်သက်လာလျှင် လိပ်ဟုပင်ပြောပါစေ ဂျောင်ကုသည်သာ ထယ်ယောင်းအဖို့ အရာရာတွင် ပထမဖြစ်သည် ။

" အစ်ကိုတော်...ထယ်နဲ့တွေ့ချင်လို့ဆို "

ထယ်ယောင်းဖက်မှ စတင်နှုတ်ဆက်လိုက်တော့ မြို့စားမင်းက ထယ်ယောင်းအား တစ်ဖက်ရှိ ထိုင်ခုံပေါ်တွင် ထိုင်ရန်အချက်ပြလိုက်သည် ။ ထယ်ယောင်းလည်း အစ်ကိုတော်၏ ဆိုလိုချက်ကိုနားလည်သဖြင့် ထိုင်ခုံပေါ်၌ထိုင်လိုက်ပြီး ယန်လေးကိုတော့ အဝေးသို့ရှောင်ခိုင်းလိုက်သည် ။ ယန်လေးသည် မည်သို့ပင် စိတ်ချရသည့်အနီးကပ်အစေခံဖြစ်နေပါစေ အစ်ကိုတော်နှင့်ပြောမည့်စကားများကိုတော့ ကြားခွင့်လုံးဝမပေးနိုင်ချေ ။ ဂျောင်ကုမှ လွှဲ၍မည်သူကိုမှ မယုံချင်တာကြောင့်လဲပါသည် ။

" အစ်ကိုတော်...ထယ့်ကို ပြောစရာများရှိနေလားဟင်...အချစ်နဲ့ကော အဆက်အသွယ်ရရဲ့လား ? "

" အင်း...မနေ့ညက ညီတော်ဆီက လျှို့ဝှက်စာရလိုက်တယ် "

" ဘာတဲ့လဲ...အစ်ကိုတော် "

" ခယ်မတော်လဲ သတင်းကြားပြီးလောက်ပြီထင်ပါတယ်...အခုစစ်ဖြစ်နေတာက တောင်ဖက်နယ်စပ်ဒေသတင်မဟုတ်ပဲ အရပ်ရှစ်မျက်နှာလုံးဆိုတာ "

" ဟုတ်ကဲ့...မကြာသေးခင်ကမှ သိလိုက်ရတာပါ "

" စစ်အင်အားမလောက်ဘူး ခယ်မတော်...ဟွာရန်းတပ်ဖွဲ့ဆိုပေမဲ့ ရန်သူဖက်အင်အားက သိပ်များလွန်းနေတယ် "

" စစ်ကူမလွှတ်ဘူးလား အစ်ကိုတော်...ထယ်လည်း အစ်ကိုတော့်ကိုအဲ့ကိစ္စပြောချင်နေတာ "

" စစ်ကူလွှတ်ဖို့လုပ်ပါတယ်...ဒါပေမဲ့ နန်းတွင်းမှာ ထောက်ခံသူနဲ့ကန့်ကွက်သူဆိုပြီး နှစ်ဖွဲ့ကွဲနေကြတယ်...ဒီ့အတွက် ဘုရင်ကလည်း တော်တော်လေးကိုအခက်ကြုံနေရတယ် "

" ဘုရင်က တစ်တိုင်းပြည်လုံးမှာ အာဏာအရှိဆုံးလေ...ပြီးတော့ အခုဖြစ်နေတာကလည်း တိုင်းပြည်ကြီးတစ်ခုလုံးနဲ့ဆိုင်နေတာကို ကန့်ကွက်တဲ့ အမတ်တွေက ဘယ်လိုစဉ်းစားနည်းမျိုးနဲ့စဉ်းစားနေကြတာလဲ "

I'm Not A Girl |TK|✓Where stories live. Discover now