ဒီပါ့ ကလေးတွေက ဒီလောက်တောင် ခံစားတတ်နေပြီလား။ဒီအရွယ်လေးတွေက ဘာမှမတွေးဘဲ ပျော်နေရမယ့်အရွယ်လေးတွေပါ။ကလေးတွေဆိုတာ သူတို့ရင်ထဲက ခံစားရတဲ့အတိုင်း အမှန်တိုင်းသာပြောကြတာဘဲမလား။

သားနဲ့သမီးကို ရင်ခွင်ထဲထည့်ကာ ဖက်လိုက်ပြီး နဖူးလေးတွေကို နမ်းလိုက်သည်။

ပါပါးက မေတ္တာတွေအများကြီးပေးမှာပါ ကလေးတို့ရယ်။

"ပါပါးတို့ ရေသွားချိုးကြမယ် လာလာ"

"ဟင့် ကိုကိုဘဲချိုး,ရှေးငယ်ချိုးဘူးလို့ "

ရှေးငယ်လေးက နှုတ်ခမ်းလေးကိုဆူကာ ဖင်မူးတောင်းလေးထောင်ပြီး စောင်ကိုတစ်ကိုယ်လုံးခြုံထားသည်။ဒါကသိပ်အထူးအဆန်းတော့လည်းမဟုတ်။ရေချိုးခါနီးတိုင်း ဒီပါနဲ့ရှေးငယ် တစ်ပွဲတစ်လမ်းနွှဲနေကြပင်။

ဒီပါ နွေလေးကို ကောက်ချီလိုက်ပြီး...

"နွေလေးက ရေချိုးမယ်မလားဟင်...ရေချိုးတဲ့ကလေးတွေကိုဆို ဒယ်ဒီက သိပ်ချစ်တာတဲ့ "

"yes ပါပါး"

"ရွှတ်! လိမ္မာလိုက်တာ "

"ရေချိုးရင် ဒယ်ဒီက တကယ်ချစ်မှာလား "

"တကယ်ပေါ့"

"အာ့ဆို ရှေးငယ်လည်း ချိုးမယ် "

"ရွှတ်! ရှေးငယ်က လိမ္မာလိုက်တာ"

ဒီပါ Kitty လေးတွေကို လက်ဆွဲကာ ရေချိုးခန်းထဲသွားလိုက်ပြီးနောက် ရေချိုးသန့်စင်ပေးလိုက်သည်။ထို့နောက် bathrobe သေးသေးလေးတွေကို ဝတ်ပေးလိုက်ပြီး

"ပါပါး ရှေးငယ်ကို uniformလေးကူဝတ်ပေးပါ"

"ကိုကိုတောင် သူ့ဘာသာဝတ်တာလေ ,ရှေးငယ်လည်း ကိုယ့်ဘာသာ ဝတ်မှပေါ့ "

"ရှေးငယ်မှမဝတ်တတ်တာ "

ရှေးငယ်က အင်္ကျီလေးကို ဒီအတိုင်းစွပ်ထားပြီး မျက်နှာကြီးကိုဆူပုတ်ထားသေးသည်။

"ကိုကို ဝတ်ပေးမယ် ရှေးငယ် "

နွေလေးက သူ့ညီမမျက်နှာမကောင်းတာနဲ့မနေနိုင်။အခုလည်း နှုတ်ခမ်းဆူထားရုံရှိသေး လုံးတုံးလုံးတုံးဖြင့် ပြေးသွားပြီး ကြယ်သီးသွားတပ်ပေးနေသည်။မိရှေးတို့က ဒါမျိုးဆို သူ့အကြိုက်ပေါ့။နှုတ်ခမ်းလေးဆူထားရုံနဲ့ လိုတာရနေသည်ကိုး။

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now