ထက်က အရှေ့ကအပိုင်းမှာ ဝန်းအက်ဆီးဒန့်ဖြစ်တဲ့အပိုင်း၊ရန်းအမြင့်က ပြုတ်ကျတဲ့အပိုင်း မှာ Drama ထည့်ချင်တော့ ဝန်းကို ရန်းဆီ မလာခိုင်းဘဲ ရန်းကို လာခေါ်မဲ့ character တစ်ခုကိုထည့်ချင်ခဲ့တယ်။ ဒီအတိုင်းဘေးလူမဟုတ်ဘဲ Character တစ်ခုကို ထည့်ချင်ခဲ့တာ ။

ထည့်ပြီးနောက်မှာ ဇာတ်လမ်းထဲက ဘဝတွေမှာ Character တွေမရှုပ်ချင်တော့ အိပ်မက်ဇာတ်ကြောင်းကို ဖန်တီးလိုက်သည်။ အဲ့ဒါ ပိုရှုပ်အောင်လုပ်မိသွားသလိုများ ဖြစ်သွားလားလို့ တွေးမိတယ်။

ဒါဆိုအိပ်မက်ပဲ။ Way က အိပ်မက်ထဲကပဲလား ။

ဒီနေရာမှာ ထက်က အိပ်မက်နဲ့လက်တွေ့ကို မသိမသာလေးဆက်စပ်ထားတယ်။
Final Part မှာ ရန်းကို ဆေးရုံပို့ခဲ့တဲ့သူကဝန်းအမေမဟုတ်ဘဲ လည်ပင်းမှာအမှတ်​ပါတဲ့ကောင်လေးတစ်ယောက်လို့ပြောတဲ့အခါ ရန်းကသိသလိုမသိသလိုခပ်ရေးရေးဖြစ်နေသလိုရေးခဲ့တယ်။ ရန်းဖုန်းကိုပြန်တွေ့တဲ့အခါ နောက်ဆုံးက Ph call ကလမ်းသွယ်ဥယျာဥ်ဖြစ်နေခဲ့တယ်။ ဒါကဝန်းကိုဆက်ရင်းရန်းမှားနှိပ်တာဖြစ်နိုင်သလိုလမ်းသွယ်ကပျိုးပင်ပို့ဖို့ဆက်သွယ်ခဲ့တာလည်းဖြစ်နိုင်တယ်။

အပြင်လောကမှာတော့ ထက်က Way ကို ထုတ်မပြတော့ဘူး။ Way က ရန်းကိုသူချစ်တဲ့သူနဲ့ပေါင်းဖက်စေလိုပြီး ရန်းအန္တရာယ်ကျတဲ့အခါ ကူညီပေးတဲ့character တစ်ခုအနေနဲ့ပဲထားလိုက်တယ်။

လွှားကို ရန်းရဲ့ အိပ်မက်ထဲကလိုပဲမှတ်ဉာဏ်တွေဆုံးရှုံးသွားတဲ့ ကလေးငယ်တစ်ယောက်အနေနဲ့ ထက်ဖန်တီးထားတယ်။ ဒါကို ဘယ်သူမှတော့မသိကြခဲ့ဘူးပေါ့။

စာအရမ်းရှည်သွားလို့အားနာပါတယ်။
ဖတ်ရတာအဆင်မပြေဖြစ်ခဲ့ရင် ထက်ရဲ့မကျွမ်းကျင်တဲ့အရေးအသားကြောင့်ပါ။

အဆုံးထိဖတ်ပေးခဲ့တဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။ စိတ်ကျန်းမာရေးရော ခန္ဓာကိုယ် ကျန်းမာရေးပါ ဂရုစိုက်ကြပါ။ စိတ်မပျော်စရာတွေရှိခဲ့ရင်လည်း အရာရာအဆင်ပြေသွားမှာမလို့ အားတင်းထားကြပါ။

ဒါဆို ထက် ဒီလောက်နဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်။

.

When You Find Lost Love AgainWhere stories live. Discover now