" ဒီနေ့တော့ ကျွန်တော် အပင်မဟုတ်ဘဲ ပန်းလေးရွေးထားတယ် "

" ကျူးလစ်ပန်းလေးပါ "

ကျူးလစ်ဆိုတာ ခမ်းနားတဲ့ပန်းလေးပင်။ Sign of love ပန်းလေးမလို့ ဝန်း အကြံကို ရန်း ရိပ်မိနေသည်။

ကျူးလစ်ရဲ့ ဋ္ဌာနေ ၊ အပင်အကြောင်း ၊ ပြုစုပျိုးထောင်ပုံတွေကို ရန်း သိထားသလောက် အကျယ်တဝင့်ရှင်းပြနေသော်လည်း မေးတဲ့Guest က ကျူးလစ်ထက် ရန်းကို ပိုစိတ်ဝင်တစားရှိနေလေရဲ့။လူရှေ့သူရှေ့မထိန်းနိုင်မသိမ်းနိုင် ရန်းကို တစိမ့်စိမ့်ကြည့်နေတာကြောင့် ရန်း မျက်နှာပူလာသည်။ဘေးလူတွေကလည်း ပြုံးစိစိ။ ရှိန်းမြင့်မိုရ်ဝန်းတို့က အိန္ဒြေပါမဆည်နိုင်ဖြစ်နေသည်။

" ကျွန်တော် ဖတ်ခဲ့တာကလေ ကျူးလစ်ကအချစ်ကို ကိုယ်စားပြုတဲ့​နေရာမှာ နာမည်ကျော်တဲ့ ပန်းတဲ့ "

စလာပြီ။ တစ်ပတ် တစ်ပတ် အချစ်ကိုကိုယ်စားပြုတဲ့အပင်တွေကို ရှာလာပြီး ရန်းဆီလာတယ်။ပြီးရင် လူကြားသူကြား ရန်းကို ဖွင့်ပြောမယ်။ ရှူတင်အဖွဲ့သားတွေက ပြုံးစိစိကြည့်မယ်။ကြည့်ရှူသူပရိသတ်တွေက အသဲတယားယားရှိမယ်။ ဒါကို ရန်းက မသာယာနိုင်ဘူး။

" Tulipအနီရောင်ဟာ ပြီးပြည့်စုံတဲ့အချစ်လို့အဓိပ္ပါယ်ရတယ် တဲ့ "

" ကျွန်တော် အစ်ကို့ကို Tulip အနီရောင်ပန်းစည်းလေးမေတ္တာလက်ဆောင်ပေးချင်တယ် အစ်ကိုလက်ခံပေးနိုင်မလား"

ဘယ်အချိန်ကတည်းကရှိနေမှန်းမသိတဲ့ ရဲရဲနီပန်းစည်းကို ရန်းဆီပေးတော့အကုန်လုံးကလက်ခံလိုက်ပါဆိုပြီးလက်ခုပ်လက်ဝါးသီးကာဝိုင်းအော်ကြသည်။ ရန်း လက်ခံလိုက်တော့ အကုန်လုံးဝိုင်းအော်ကြကာ ဝန်းမျက်နှာမှာလည်းမယုံနိုင်ခြင်းများစွာဖြင့် ။

" ကျွန်တော်ကလည်း ချိန်းကို ကျူးလစ်အဝါရောင်ပန်းစည်းလေးကို လက်ဆောင်အနေနဲ့ပြန်တုံ့ပြန်ချင်ပါတယ် "

ရန်း စကားကြောင့် ချက်ချင်းညှိုးငယ်သွားသော ဝန်း။ တခြားသူတွေက ဘာရယ်မသိအပြန်အလှန် ပန်းစည်းပေးကြတယ်ဆိုပြီး လက်ခုပ်တီးနေကြပေမဲ့ ကျူးလစ်အဝါရောင်ပန်းရဲ့ အဓိပ္ပါယ်ကိုသိနေတဲ့ဝန်းကတော့ မျက်ရည်မိုးတွေစွေချင်နေလေရဲ့။

When You Find Lost Love AgainWhere stories live. Discover now