Host- " အားးး... လန့်တာ...ဘီလူးကြီး "

အီးးး... ငါလေးသေတော့မှာပဲ... ဒီဘီလူးမကြီးကို... ပြန်ခေါ်သွား ...သားသားက... မိန်းမိန်းတွေဆို...ကြောက်ကြောက်

sixက သူ့ရှေ့တည့်တည့်မှာ

Six- [ host မှတ်ညဏ်... ကူးပြောင်းတော့မယ်]

Host- " နေ... နေဦးလေ... ငါအဆင်သင့်မဖြစ်... အ"

& ဇာတ်လိုက်က အချမ်းသာဆုံး starlight group CEO ရဲ့တစ်ဦးတည်းသောမြေး လင်းမော့ပိုင်၊ ဇာတ်လိုက်မက လင်းမော့ပိုင်ရဲ့ သူငယ်ချင်း ရှားမေယွဲ့ ၊ ရှားမေယွဲ့ရဲ့အမေက starlight group မှာရှယ်ယာရှင် တစ်ယောက်ဖြစ်တယ်၊ရှားမေယွဲ့နဲ့ လင်းမော့ပိုင်ဟာ သူငယ်ချင်းပေမယ့်သိပ်မရင်းနှီးကြဘူး လင်းမော့ပိုင်က အနေအေးပြီး စကားသိပ်မပြောဘူး ရှားမေယွဲ့က သွက်သွက်လတ်လတ်ရှိပြီး ချစ်စရာကောင်းတယ်၊ လင်းမော့ပိုင်ရဲ့ ဇနီးလောင်းဖြစ်မယ့်သူ၊လင်းမော့ပိုင်ရဲ့ အမေနဲ့အဖေက ရှားမေယွဲ့ကို အရမ်းချစ်သဖြင့် သူတို့သားနဲ့ စေ့စပ်ပေးခဲ့ခြင်းဖြစ်သည်။ ဒီကိုယ်က လုဝမ်ပိုင်၊ လုဝမ်ပိုင်ဟာ
starlight group ပြီးရင် ဒုတိယ အချမ်းသာဆုံး The warm family group CEO ရဲ့ ဒုတိယသား။The warm family group ဟာ starlight group နဲ့ စီးပွားပြိုင်ဖက်တွေဖြစ်တယ်။ လုဝမ်ပိုင်ဟာငယ်ငယ်ထဲကအမေနဲ့အတူ နိုင်ငံခြားမှာနေတယ်။လုဝမ်ပိုင်သည် ရိုးသားပြီး အနေအေးသောသူတစ်ယောက်ဖြစ်လည်းတယ်။ သူ10တန်းနှစ်မှာ တရုတ်ပြည်ကို ပြန်ရောက်ပြီး ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့နေတဲ့ကျောင်းကိုပြောင်းလာခဲ့တယ်။ဇာတ်လိုက်နဲ့ ရော ၊ ဇာတ်လိုက်မနဲ့ရောသူငယ်ချင်းဖြစ်လာပြီး ဇာတ်လိုက်ကို သဘောကျခဲ့တယ်။ ဒီအကြောင်းကို ဇာတ်လိုက်ကို မပြောပြရဲခဲ့ဘူး၊ဒါပေမယ့် ဇာတ်လိုက်မကိုတော့ သူပြောပြခဲ့တယ်။မထင်မှတ်ဘဲ တစ်ကျောင်းလုံးက သိသွားပြီး အတန်းထဲမှာမျက်နှာမပြရဲစရာဖြစ်လာတယ်။အဖေတို့ Group ကလည်း အရှုံးပေါ်နေပြီဖြစ်သည်။ သူ့အကိုကလည်း ထောင်ကျခဲ့ပြီး လုဝမ်ပိုင်ဟာလည်းနောက်ဆုံး သေသွားခဲ့တယ်။ ဒီလိုဖြစ်လာရတဲ့ တရားခံက ဇာတ်လိုက်မကြောင့်ပင် ။ ဇာတ်လိုက်မဟာ အများမြင်သလို ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ စံပယ်ပန်းလေးမဟုတ်ခဲ့။ လုဝမ်ပိုင် အကြောင်းကိုပြောပြသည်မှာလည်း သူမပင်။ ဇာတ်လိုက်မဟာ လုဝမ်ပိုင်တို့ group ရဲ့သတင်းတွေကို သူ့ ဦး
လေးကို ဖျားယောင်းပြီး ယူခဲ့သည်မှာလည်း သူမပင်။လုဝမ်ပိုင်ရဲ့ ဦးလေးနဲ့ ပေါင်းပြီးလုဝမ်ပိုင် အဖေကိုသတ်ခဲ့တာလည်း သူမပင်။ လုဝမ်ပိုင်က သူမနဲ့ သူ့ဦးလေးအကြောင်းကိုသိသွားပြီးဇာတ်လိုက်ကိုပြောပြဖို့ကြံတယ်။ ဒါကိုသိတဲ့ ဇာတ်လိုက်မက လုဝမ်ပိုင်ကို ရှင်းခဲ့တယ်။ လုဝမ်ပိုင်ရဲ့အကို လုရိပိုင်က ဇာတ်လိုက်မ အကြောင်းတွေကိုသိသွားပြီး မိသားစုနဲ့ ညီလေးအတွက်လက်စားချေရန် ဇာတ်လိုက်မကို သတ်ရန်ကြိုးစားခဲ့တယ်။ ဒါပေမယ့် ရဲတွေသိသွားပွီး အဖမ်းခံလိုက်ရတယ်။အဲဒါတောင်မှ  ထောင်ထဲကသူ့လူတွေကိုဇာတ်လိုက်မကမကျေနပ်ဘဲ လာဘ်ထိုးပြီး လုရိပိုင်ကို နှိပ်စက်ခိုင်းခဲ့တယ်။ နောက်ဆုံးတော့ လုရိပိုင်လည်း ထောင်ထဲမှာပဲသေဆုံးခဲ့တယ်။လုဝမ်ပိုင်ရဲ့အမေကတော့ သူ့သားသတင်းကိုကြားပြီးနှလုံးရောဂါနဲ့ သေဆုံးသွားတယ်။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကတော့ starlight groupကိုဦးစီးပြီး အသက်ဆုံးတိုင် ပေါင်းသင်းသွားတယ်။
လုဝမ်ပိုင်ရဲ့ဆုတောင်းက သူ့မိသားစုကို ကာကွယ်ပြီးလင်းမော့ပိုင်ကို ယုတ်မာတဲ့မိန်းမနဲ့ လက်မထပ်စေလိုခြင်းဖြစ်တယ်&

Host-"ဒါဆိုငါက...လုဝမ်ပိုင်ပေါ့ "

Six- [ အင်း... hostက ...လုဝမ်ပိုင် ]

........
........

host-ငါလေးက.... ဇာတ်လိုက်ကို...တစ်ဖက်သတ်ကြိုက်နေတဲ့ ...gayပေါ့... မဟုတ်ဘူး...ငါက
Straight စစ်စစ်ကွ...

six- host ဘာသာ...စစ်စစ်မစစ်စစ်... ခုလောလောဆယ်တော့ ...gay ဘဲ...

host- မဟုတ်ဘူးးးးး... ငါကမိန်းမိန်းလေးတွေကို...နှာဘူးရတာပဲကြိုက်တာ... ယောကျာ်းလေးတွေကို... မဟုတ်ဘူး...
( ဖင်ပိတ်အော်နေ )

Six-အင်း... host က... straight စစ်စစ်... six ယုံတယ်... Bl တွေကိုပဲရေးတာ... မgayဘူး...

host-ငါမ gay ဘူး

system one o six(106) S -1 ( Z &U )Where stories live. Discover now