Part - 10

1K 23 4
                                    

<Unicode>

          ဇာတ်သိမ်းပိုင်း

ယနေ့ကောင်းကင်ကလည်း သာသာယာယာလှလှပပနဲ့ နေကလည်း အရမ်းမပူဘဲရှိနေသည်။ကျေးငှက်တွေကလည်း သာယာစွာတေးသီပြီး
စာရှာထွက်နေကြသည်။အိမ်ကြီးမှာတော့ သာယာမှုဆိုတာမရှိ ခြောက်ကပ်မှုနဲ့ပြည့်ပြီး
တစ်ယောက်ကိုကြည့်လည်း သောကအပြည့် တစ်ယောက်ကြည့်တော့လည်း စိတ်ပူပန်မူ
အပြည့်နဲ့ ခံစားနေရသည်။နောက်တစ်ယောက်ကတော့ အခန်းပြင်မထွကာနိုင်ဘဲ အခန်းထဲမှာ
အနှစ်နှစ် အလလက ဆင်းရဲမှုဒဏ်ခံထားပုံ တစ်လောကလုံး သူ့တစ်ယောက်ထည်းဘဲ စိတ်ညစ်နေရတဲ့ဒဏ်ကိုခံစားရပုံဖြင့် အိပ်ယာထဲမှာမျက်ရည်အပြည့်နဲ့ငိုနေရပြီး ခေါင်းအုံးစွပ်ကတောင် မျက်ရည်စော်နံနေပြီ ဟုအော်ဟစ်ရအောင် ငိုထားတာ မျက်ရည်များ အတော်စိုနေပါပြီ။

မနေ့ညကအခုချိန်ထိ ဖုန်းမတွေ့တဲ့ ပြသာနထက် လိုင်းပေါ်မှာ ငါတို့ဘာချိန်အရှက်ကွဲမှာလည်း စိုးရိမ်မှုနဲ့ပြည့်ပြီး အခုမနက်ချိန်ထိဘာမှ
မစားရသေးပေ။လူကြီးတွေက တခုခုစားပါစေပြီး အခန်းထဲစားစရာ ပို့ထားပေမဲ့ မနေ့ကပို့ထားသည့် အတိုင်းတစ်ခုမှမလျော့ တစ်ယောက်ပြီး
တစ်ယောက် မနက်စာစားဖို့ခေါ်ပေမဲ့ လူသေလို့မလုပ်နိုင်ငြိမ်နေသည်။

ဦးဝင်းအောင်သည် ကိုထူးအခန်းကို ဝင်ပြီး မနက်စာစားဖို့လာခေါ်ခဲ့ သည်။ကိုထူးသည်
ဦးဝင်းအောင်ပြောစကားတွေ ကြားပေမဲ့ စိတ်ထဲမှာ အရှက်ရတော့မှာလား ကိုယ့်ကိုမေးမြန်းနေသည်။ဦးဝင်းအောင်သည် မိမိကမနက်စာစားဖို့ ခေါ်တာ အဖက်မလုပ်တဲ့သားကို ဒေါသထွက်စိတ်ဆိုးကာ အိပ်နေတဲ့ကိုထူးကို ကုတင်ပေါ်ကနေကန်ချလိုက်သည်။ကိုထူး သည် ကုတင်ပေါ်ကျဆင်းပြီးနောက် ကုတင်ပေါ်ပြန်ပြီးတက်အိပ်တော့သည်။

"မင်း...အခုမှလဒ လို့မမှိုင်နေနဲ့ ကိုထူး...
လုပ်တုန်းကပျော်ပျော်ပါးပါးနဲ့ ခံရတော့မှ စိတ်ညစ်မနေနဲ့ အဲဒါဝဋ်လည်တာလို့ခေါ်တယ်"

ဦးဝင်းအောင်၏ ပြောစကားတွေကို ကိုထူးသည် သည်းခံနိုင်စွမ်းမရှိတော့ ပြန်အော်တော့သည်။

"ဒါတွေက ဖေဖေတို့ကြောင့်ဖြစ်တာလေ..."

"ဘာ...ငါတို့ကြောင့်လည်း....
ငါ့တို့က အဲလိုလုပ်ပါသင်ပေးခဲ့လို့လား....
မြောက်ပေးခဲ့လို့လား...."

ထိုကြောင့် မုသား ဆိုခဲ့သည် (Completed)Where stories live. Discover now