Part - 5

354 13 0
                                    

<Unicode>

"သမီး...မိုးစက်ပိုင် အိမ်ခဏဝင်ခဲ့အုံး"

"ရှင့်...ဦးလေးထွန်း သမီးလာပါပြီ"

ညနေအလုပ်ကနေပြန်လာနေတဲ့ မိုးစက်ပိုင်ကို အိမ်နီးချင်း ဦးလေးထွန်းက လှမ်းခေါ်လိုက်သည်။ဦးလေးထွန်းက ပင်စင်စားတစ်ဦးဖြစ်ပြီး မိုးစက်ပိုင်တို့ မောင်နှမကို အရမ်းချစ်သော အိမ်နီးချင်းကောင်းတစ်ဦးဖြစ်သည်။

ဦးလေးထွန်းတွေလည်း ကောင်းဆက်ပိုင်နဲ့ မတိမ်းမယိမ်း သားဖြစ်သူထွန်းရင်ရှိသည်။
ထွန်းရင်ကတော့ အဝေးသင်တာတက်ပြီး အပြင်အလုပ် လုပ်ကိုင်သူဖြစ်သူဖြစ်သည်။ထွန်းရင်သည်လည်း ကောင်းဆက်ပိုင်နဲ့ယှဉ်ပြီးပြောခံရတဲ့လည်း ပါသည်။သိုပေမဲ့နာတတ်သူ တစ်ယောက်မဟုတ်ပါ။ထွန်းရင်သည် အလုပ်သွားတာနဲ့ နပန်းလုံးရတော့ ကောင်း ဆက်ပိုင်နဲ့ ခင်မင်မှုမရှိသော်လည်း ခေါ်ပြောခေါ်ဆိုအနည်းငယ်သာ ရှိသည်။

  ဦးလေးထွန်းခေါ်မူကြောင့် မိုးစက်ပိုင်သည် ဦးလေးထွန်းအိမ်ခဏဝင်ခဲ့သည်။ဦးလေးထွန်းက မိုးစက်ပိုင်ကို ရေနွေးကြမ်းတစ်ခွက်ငှဲ့ပြီးပေးလိုက်သည်။

"သမီးကိုခေါ်တာ ဘာပြောဖို့လည်းဦးလေးထွန်း"

"မနက်ဆိုင်သိမ်းချိန်လောက်
သမီးအမေနှာခေါင်းသွေးယိုလို့
သွေးတွေကအများကြီးဘဲ
အလုပ်ခွင့်ယူလို့ရရင်ယူပြီးအမေနဲ့
အတူတူနေအုံး ဒါမဟုတ်
ကောင်းဆက်ပိုင်ကို ကျောင်းပျက်ပြီး
နေခိုင်းပါကွယ်"

မိုးစက်ပိုင်သည် ဦးလေးထွန်း၏ပြောပြချက်ကို လန့်သွားသည်။

"ဟုတ်ကဲ့ဦးလေး
သမီးဦးလေးပြောသလိုလုပ်ပါမယ်"

"အမေကိုလည်း ဂရုစိုက်ခိုင်းအုံး သမီးတို့အမေက ကျန်းမာရေးကသိပ်မကောင်းတဲ့ပုံဘဲ ဦးလေးရိပ်မိနေလို့ ဆိုင်ပိတ်ပြီ်းခဏပိတ်ပြီးနားခိုင်းအုံး
ခြံထဲကစိုက်ပျိုးရေးလည်း မလုပ်စေနဲ့အုံး"

"ဟုတ် သမီးအမေ့ကို ဂရုစိုက်ပါမယ်
ဒါဆိုပြန်လိုက်အုံးမယ်နော်"

မိုးစက်ပိုင်သည်ဦးလေးထွန်းတို့ ခြံပေါက်ဝရောက်တုန်းရှိနေသေးတုန်း
ဦးလေးထွန်းဇနီး ဒေါ်သိန်းမြင့်နဲ့တွေ့ပြီး
ဒေါ်သိန်းမြင့်ကတခါ အမေကို
ပြုစုစောင်ရှောက်ဖို့ထပ်ပြောကြားသည်။

ထိုကြောင့် မုသား ဆိုခဲ့သည် (Completed)Where stories live. Discover now