Part - 8

452 18 0
                                    

<Unicode>

ဒေါ်မြမေ၏ အသုဘတွင် လူများစည်စည်ကားကားနဲ့ ဝိုင်းကူပြင်ဆင်နေကြသည်။မိုးစက်ပိုင်နဲ့ ကောင်းဆက်ပိုင်သည် ဧည့်သည်တွေ
ဧည့်ခံလိုက် လူကွယ်ရာငိုနေလိုက် အမျိုးမျိုးဖြစ်နေသည်။

အိမ်နီးချင်းဦးလေးထွန်းနဲ့ ဒေါ်မြမေတို့၏ ဖောက်သည်များဖြင့် အသုဘတစ်ခုလုံး
ကို ချောချောမွေ့မွေနဲ့ပြီးဆုံးအောင် ဝိုင်းကူညီကြသည်။အသုဘတွင်သာမကာရပ်ကွက် တစ်ခုလုံးမှာလည်း တိုးတီးစွာဖြင့် ဒေါ်မြမေဆုံးတာ
ကောင်းဆက်ပိုင်ကြောင့်ဆိုပြီး ဝိုင်းအပြစ်တင်နေကြသည်။

ကြီးကြီးသည် ဒေါ်မြမေအသုဘအတွက်
အလှူငွေလာထည့်ပြီးနောက် မိုးစက်ပိုင်တို့မောင်နှမကို အားပေးနှစ်သိမ့်ရှာသည်။

ကြီးကြီးသည် မိုးစက်ပိုင်တို့မောင်နှမကိုကြည့်ပြီး အရမ်းသနားနေသည်။ကြီးကြီး၏အားပေးစကားတွေကို မိုးစက်ပိုင်က ပြန်ပြီးနာခံပေမဲ့ ကောင်းဆက်ပိုင်သည် ကြီးကြီးကို မကျေနပ်သည့်ပုံစံ မျက်စောင်းဖြင့် ကြည့်နေသည်။ကြီးကြီးသည် ကောင်းဆက်ပိုင်၏ အကြည့်ကို သံသယဝင်နေသည်။

သွားလေသူဒေါ်မြမေ၏ ရုပ်လောင်းရှေ့ကိုထားပြီး ကောင်းဆက်ပိုင်ကြောင့် ဒေါ်မြမေဆုံးတာ အပြစ်တင်တာကို ကောင်းဆက်ပိုင်မကြားချင်ဆုံးကြားနေရသည်။မိခင်၏အသုဘ စည်စည်ကားကားနဲ့ ပြီးပါစေဆိုပြီးမကြားဟန်ဆောင်နေရပြီး အတင်းများကိုလည်း တစ်ဖက်နားဝင် တစ်ဖက်နားထွက်ပုံစံဖြင့် နားထောင်နေရသည်။

မိုးစက်ပိုင်သည်လည်း မိခင်ဆုံးရတာ ကောင်းဆက်ပိုင်ကြောင့် အများနည်းတူ ယုံကြည်ထားသည်။ဒီချိန်မှာ လိုင်းပေါ်ကကောင်းဆက်ပိုင် HDက အလွန်နာမည်ကြီးပြီး မိခင်ဆီဆေးရုံ သတင်းမေးလာသူတစ်ယောက်က ပြောပြသွားလို့ မိခင်ဟာဆုံးပါးသွားတာ ကောင်းဆက်ပိုင်ကြောင့် စိတ်ထဲအပြစ်တင်နေပြီး ထုတ်မပြောခဲ့ပါ။မိခင်ကို HDအကြောင်း လာပြောသူကို မသိရပေမဲ့ ဘေးကအခြားလူနာစောင့်က ပြောပြလို့သာသိခဲ့ရသည်။မိခင်ဒီလိုဖစ်ချိန် အတင်းလာပြောတဲ့သူကိုမသိရတော့ ဝမ်းနည်းနေရသည်။

ထိုကြောင့် မုသား ဆိုခဲ့သည် (Completed)Onde as histórias ganham vida. Descobre agora