Part - 4

339 15 0
                                    

<Unicode>

🔞🔞🔞🔞🔞🔞🔞🔞

ကိုထူးသည် အခုနောက်ပိုင်း ကောင်းဆက်ပိုင်ကို အသားယူပြီး ခင်မင်ဆက်ဆံတာတွေ ပေါ်ထင်ဖြစ်လာသည်။အရင်လို့၂ယောက်သား ခိုးချောင်စွာနဲ့ အသားမယူတော့ပါ။အခုခါဖယ်ရီကားပေါ် ကိုထူးသည်ကောင်းဆက်ပိုင် ပခုံးပေါ်အိပ်ချလိုက် ကားပေါ်ကဆင်းလို့ အတန်း အတူတူသွားရင် ကောင်းဆက်ပိုင်ပခုံးပေါ် လက်တင်ပြီးသွားလိုက်လူလျောက်ပျင်းတဲ့ပုံစံမျိုးဖြင့် တခါတလေကောင်းဆက်ပိုင် နောက်ကျော့ကုန်းပိုးတက်စီးလိုက် ငဆောင်း သူရ မင်းနိုင်တို့က ကိုထူးကို
စနှောက်စွာဖြင့် ကောင်းဆက်ပိုင်ဆီတွန်းပို့လိုက် အသားယူပြီးစလိုက်ပါးစဖြင့်စနှောက်လိုက် ခဏခဏလုပ်ရှားလာတော့ ကောင်းဆက်ပိုင်သည် ကိုထူးကိုရင်ခုန်လာခဲ့သည်။

ကိုထူးသည်လည်းယခင်ကနဲ့မတူတော့ပေ။ကောင်းဆက်ပိုင်နဲ့ နီးစပ်ချင်တော့ ကောင်းဆက်ပိုင်အကြိုက်လိုက်လုပ်လာသည်။ကောင်းဆက်ပိုင် သွားတတ်သည့် ကျောင်းစာကြည်တိုက်မှာ အရင်ရောက်နှင့်တာမျိုးဒါမဟုတ် ကောင်းဆက်ပိုင်ထက်နောက်ကျမှာ ရောက်လာတာမျိုး
ကောင်းဆက်ပိုင်နဲ့ အမြဲတွေ့ရဖို့ ရောက်လာသည်။

ကျောင်းပိတ်ရက်ချိန်တွင် ကောင်းဆက်ပိုင်ဆီ မနက်ခင်းမုန့်ဟင်းခါးလာစားတာ အမျိုးမျိုးဖြင့် မတွေ့တွေ့အောင် အရင်ထက်ပိုရင်းနှီးသံယောဇဉ်ရှိလာအောင် ကိုထူးကြိုးစားလာသည်။ဒီလိုကြိုးစားရင်း ကောင်းဆက်ပိုင်သည် ကိုထူးကိုအရမ်းနဲ့ တိတ်တိတ်လေးချစ်နေသည်။

ဒီနေ့နေ့လည်တွင် ကိုထူးသည် ကောင်းဆက်ပိုင်နဲ့ နေ့လည်စာထမင်းစားဖို့ ထုတ်လာသည်။ကိုထူးနဲ့ကောင်းဆက်ပိုင်သည် နေ့လည်စာစားဖို့
ဖယ်ရီကားစီကိုသွားနေသည်။ဟိုရောက်တော့ ကားသမားဦးအောင်နဲ့အတူ မသီတာ ယမင်း
ရွှေရည် တို့ကလည်း နေ့လည်စာစားဖို့
ကောင်းဆက်ပိုင်ကို စောင့်နေကြသည်။

ကိုထူးသည် အစကတော့ ကားသမားဦးအောင်နဲ့ ကောင်းဆက်ပိုင်တို့နဲ့အတူ ၃ယောက်စားရမည်ဟု သိရသည်။မသီတာတို့၃ယောက်က အရင်လို့ အခန်းထဲမစားဘဲဒီနေ့မှ ဦးအောင်တို့နဲ့အတူတူလာစားတော့ ကိုထူးစိတ်ညစ်သွားသည်။

ထိုကြောင့် မုသား ဆိုခဲ့သည် (Completed)Where stories live. Discover now