ကြီးကြီးသည် အလှူငွေထည့်ပြီး မိုးစက်ပိုင်တို့မောင်နှမကို အားပေးစကားပြောတော့ ကောင်းဆက်ပိုင်၏ အကြည့်ကို ကြီးကြီးက ခဏခဏပြန်မြင်ယောင်နေသည်။ကြီးကြီးသည် သူစိတ်ထဲ ကောင်း ဆက်ပိုင်က ဘာလို့ဒီလိုကြည့်တာလည်း တွေးနေသည်။ယခင်ကကောင်းဆက်ပိုင်သည် လိမ္မာပြီး အခုလို့HDထွက်ပြီး ဆိုးသွမ်းသွား
လား ကြိးကြီးတွေးနေပြီး ကန်စွန်းရွက်ချွေတာ ကမောက်ကမ ဖြစ်နေသည်။

ဝင်းချွန်ထက်သည် ကန်စွန်းရွက်ချွေတာ ကမောက်ကမ ဖြစ်နေတဲ့ ကြီးကြီးကို ကြည့်ပြီး ကြီးကြီးမျက်နှာရှေ့ လက်ခါပြတော့သည်။
ကြီးကြီးသည် တူမ၏ လက်ခါပြမှုကို မြင်မှသတိပြန်ဝင်တော့သည်။

"ကြီးကြီး...ဘာတွေတွေးနေတာလည်း
အောက်ကိုလည်းကြည့်အုံး"

"ဟယ်...ငါတော့...."

ကြိးကြီးသည် ချွေပြီးလွဲသွားတဲ့ ကန်စွန်းရွက်တွေကို ကြည့်ကာ သေချာစွာ ပြန်လုပ်နေသည်။ဝင်းချွန်ထက်သည် ကြိးကြီးဘေးကခုံကို
ဆွဲပြီး ကြီးကြီးကို ကန်စွန်းရွက်ချွေကူနေသည်။

"ကြီးကြီး အသုဘက လူစည်လား"

"စည်ပါတယ်သမီးရယ်...."

"သနားပါတယ်နော်
မောင်နှမ၂ယောက်ထည်း ကျန်နေခဲ့တာ"

"ဟုတ်ပ"

မခင်ထားသည် မီးဖိုဆောင်ထဲဝင်လာပြီး ကြိးကြိးဘေးကခုံနားဝင်ထိုင်ပြီး ကြက်သွန်ဖြူထိုင်ခွာတော့သည်။ကြိးကြိးတို့တူအရီးပြောတာကြား
တော့ မခင်ထားကလည်း သူကြားတာတွေကို ပြောပြဖို့ အတွက်ပြင်ဆင်တော့သည်။

"ကြီးကြီး...ဒေါ်မြမေဆုံးတာ
ကောင်းဆက်ပိုင်ကြောင့်နော်"

မခင်ထား၏စကားကို ဝင်းချွန်ထက်ကြားတော့
မယုံကြည်နိုင်အံ့သြပြီး ပြန်ပြိးမေးမြန်းတော့ သည်။

"ဟုတ်လို့လား...မခင်ထား
ကောင်းဆက်ပိုင်က လိမ္မာရေးခြားရှိတာ
သူကြောင့်..ဘာလို့သူ့အမေကဆုံးရမှာလည်း"

"မမဝင်းကအလုပ်နဲ့များတော့ ဘယ်သိမှာလည်း
ကောင်းဆက်ပိုင်က မအေဆေးရုံတက်တဲ့ချိန် သူက-ာခံထွက်နေတာ
သူHDလိုင်းပေါ်မှာပျံတာလည်း
သူ့အမေသိရော့ဆုံးသွားတာ"

ထိုကြောင့် မုသား ဆိုခဲ့သည် (Completed)Where stories live. Discover now