မန်ဒရင်းမီးပုံးလေး

ابدأ من البداية
                                    

“ အမ်း ”

ထယ်ယောင်းနှင့်ဂျောင်ကုလည်း ငွေရှင်းပြီး ဆိုင်ကနေထွက်လာသည့်အချိန်တွင် ဆိုင်ရှင်၏အော်ပြောသံကိုထပ်ကြားလိုက်ရသည် ။ ဆိုင်ရှင်အော်ပြောလိုက်သည်က...

“ သခင်လေး နဲ့ သခင်မလေးတို့နှစ်ယောက်လည်း မန်ဒရင်းဘဲရိုင်းစုံတွဲ‌တွေလိုပဲ တစ်ယောက်နဲ့တစ်ယောက် ဘဝတစ်သက်တာလုံး သစ္စာရှိစွာချစ်ခင်သွားနိုင်ကြပါစေ ”

ဆိုင်ရှင်၏အော်ပြောသံကြောင့်‌ ဂျောင်ကုလည်း စိတ်ဆိုးနေသည့်ကလေးတစ်ယောက်လိုလေသံဖြင့်

“ ဒီဆိုင်ရှင် ပါးစပ်ကိုကအငြိမ်မနေနိုင်ဘူး ဟိုအော်ဒီအော်နဲ့ အရှက်ကိုမရှိဘူး ”

“ အဟားဟား... ဘာလဲ အချစ်က ထယ်နဲ့ ဘဝတစ်လျှောက်လုံး ချစ်ချစ်ခင်ခင်မနေသွားချင်ဘူးလား ”

“ အဓိပ္ပာယ်မရှိတာတွေ ”

ထယ်ယောင်းမှာတော့ ကလေးတစ်ယောက် ချိုချဉ်မရလို့ စိတ်ဆိုးနေသည့်မျက်နှာထားဖြင့်အမြန်သွားလိုက်သည့် ဂျောင်းကုကိုကြည့်ပြီး ခေါင်းခါရုံသာတတ်နိုင်သည် ။

‘ အာ... ဒီစစ်သူကြီးမှာလည်း ဒီလိုကလေးဆန်တဲ့ ပုံစံမျိုးတွေရှိနေပါလား... ဒါပေမဲ့လည်း ချစ်စရာကြီး ’

ထို့နောက် ထယ်ယောင်းလည်း ကလေးတစ်ယောက်ကဲ့သို့ စိတ်ဆိုးပြီးသွားလိုက်သည့် ဂျောင်ကုနောက်သို့ အမြန်လိုက်ပြေးသွားသည် ။
__________________________________________________

ထယ်ယောင်းနှင့်ဂျောင်ကုတို့ အတော်အတန် လမ်းလျှောက်လာပြီးသည့်နောက်တွင် တဖြည်းဖြည်းနှင့် မြစ်ဆိပ်ဆီသို့ရောက်လာသည် ။ မြစ်ဆိပ်ကိုရောက်တော့ ထယ်ယောင်းက လက်ထဲတွင်ကိုင်ထားသည့် မီးပုံးလေးအား ဂျောင်ကုဆီပေးလိုက်ပြီး သူကတော့ မြစ်ဆိပ်တွင်ကမ်းကပ်ထားသည့် လှေငယ်တစ်စင်းဆီသို့ပြေးသွားပြီး လှေငယ်လေးကို ချည်ထားသည့်ကြိုးတွေအကုန်ဖြည်ကာ ဂျောင်ကုအားအော်ခေါ်သည် ။

“ အချစ်...ဒီကိုလာ ထယ်တို့ ဒီလှေနဲ့ မြစ်လယ်လောက်အထိသွားရအောင် ”

ဂျောင်ကုလည်း လုံးဝကိုငြင်းဆန်ခြင်းမရှိဘဲ ထိုလှေငယ်လေးပေါ်သို့တက်လိုက်ကာ အခန့်သားထိုင်လိုက်သည် ။ သူကအခန့်သားထိုင်လိုက်ပေမဲ့ ထယ်ယောင်းကတော့ သူ့လက်ထဲကိုင်ထားသည့် မီးပုံးလေးကိုပြန်ယူသွားပြီး မီးပုံးအစားလှော်တက်တစ်ခုကို သူ့လက်ထဲပြန်ထည့်လာပေးသည် ။ ဂျောင်ကုမှာတော့ ထိုလှော်တက်ကိုကြည့်လိုက် သူ့ရှေ့တွင်ရပ်နေသည့် ထယ်ယောင်းကိုကြည့်လိုက်လုပ်နေပြီး

I'm Not A Girl |TK|✓حيث تعيش القصص. اكتشف الآن