Chapter(355) - စာဝိညာဉ်အပိုင်းလေး

Start from the beginning
                                    

မဟာအကြီးအကဲ ဟွိုင်ယွီက ပါးစပ်ပိတ်ထားပြီး အသံလေးတောင် မထွက်ရဲပေ။

မဟာအကြီးအကဲလန်ယွဲ့က စကားဆက်သည်။

"မင်းက ယန်ကျုံးဟွားနဲ့ နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ရန်သတ်နေပြီး မင်းရဲ့ ခွန်အားတွေအများကြီး သုံးစွဲပစ်ခဲ့တယ်, တိုက်ကြီးငါးတိုက်ကို အရင်ဆုံးလာပြီး အနားယူလိုက်တာက ပိုကောင်းတာပေါ့, မင်းရဲ့ စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ပြီးမှ မင်းရဲ့ လမ်းကြောင်းကို ထွင်းလည်း နောက်မကျသေးဘူး"

မဟာအကြီးအကဲ ဟွိုင်ယွီသည်လည်း လန်ယွဲ့အား အမှန်တကယ် စိတ်ဆိုးနေခြင်း မဟုတ်ပေ။ သူက သက်ပြင်းချလိုက်သည်။

"စီနီယာအကိုကြီး, ဒါတွေအားလုံးက ကျွန်တော့်အတွက် လုပ်ပေးထားခဲ့တယ် ဆိုတာ ကျွန်တော်သိပါတယ် ဒါပေမဲ့ နတ်ဆိုးနယ်မြေထဲမှာ ကျွန်တော်ဖြေရှင်းဖို့ လိုအပ်တဲ့ အရာတွေ အများကြီး ရှိနေသေးတယ်, အခု တိုက်ကြီးငါးတိုက်ကနေ ထွက်သွားလို့ မရတော့ဘူးဆိုတော့ အဲ့ဒီကိစ္စတွေကို မဖြေရှင်းနိုင်တော့ဘူးလေ အဲ့ဒါကြောင့် အရမ်းစိုးရိမ်နေမိတာ"

မဟာအကြီးအကဲ လန်ယွဲ့က မေးလာသည်။

"မင်းရဲ့ အဲ့ဒီ'အရေးကြီးကိစ္စ' လို့ ခေါ်တဲ့ ကိစ္စက နယ်မြေကို ရန်ပြုတာလား ဒါမှမဟုတ် တခြားနတ်ဆိုးအသျှင်တွေနဲ့ တိုက်ခိုက်တာလား?"

မဟာအကြီးအကဲ ဟွိုင်ယွီ၏ မျက်နှာက အံ့အားသင့်မှုများ ပြည့်နှက်နေရင်းဖြင့်

"အစ်ကိုကြီး ဆိုလိုတာက တိုက်ခိုက်ခြင်းရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က နယ်မြေကို သိမ်းပိုက်ဖို့ မဟုတ်ဘူး ဆိုတဲ့သဘောလား?"

မဟာအကြီးအကဲလန်ယွဲ့ "..."

အဲ့ဒါကြောင့် ယိုမင်းက တိုက်ကြီးငါးတိုက်မှာနေတာ ပိုကောင်းတယ်လို့ သူထင်မိတာပေါ့

မဟာအကြီးအကဲ လန်ယွဲ့က သူ့မျက်လုံးများကိုကျဉ်းမြောင်းလိုက်ကာ

"မင်းဘာမှ ထုတ်ဖော်မပြခဲ့ဘူးဆိုတာ သေချာရဲ့လား?"

"ကျွန်တော့်လိုမျိုး သတိကြီးတဲ့သူက ဘယ်လိုလုပ် အလွယ်တကူ ထုတ်ဖော်ခံရမှာလဲ?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now