Chapter 12

273 33 0
                                    

Zawgyi

ငပျင်းတစ်ကောင်ရဲ့စွန့်စားခန်း
အပိုင်း၁၂ပထမဆုံးအကြိမ်သတ်ဖြတ်ခြင်း

ညစာစားပြီးသည့်နောက်တွင်တော့သူ့မိဘများလည်းအိပ်ရာဝင်သွားလေပြီ။ရဲ့ဟန်လည်းအဆုံးမဲ့နတ်ဘုရားစိတ်ဝိညာဉ်နယ်မြေကိုကူးပြောင်းသွားပြီးစိတ်ဝိညာဉ်တက်လှမ်းခြင်းစင်မြင့်ကိုမသွားခင်သူ့ရဲ့အချက်အလက်တွေကိုစစ်ဆေးဘိုက်လေသည်။

အချက်အလက်
အမည်-ရဲ့ဟန်
အသက်-အသက်၆နှစ်

စိတ်ဝိညာဉ်စွမ်းရည်မှတ်-၁၅(စိတ်ဝိညာဉ်ဆရာသခင်)

ခန္ဓာကိုယ်အမျိုးအစား-မူလဘူတခန္ဓာကိုယ်(သေးငယ်သောအောင်မြင်မှု)

စိတ်ဝိညာဉ်-ပန်ဒါဝက်ဝံ၏သားမွှေးသံချပ်ကာချပ်ဝတ်တန်ဆာ(ပေါင်းစပ်စွမ်းရည်-သန်မာမှူ၊အမြန်နှုန်း၊အကာအကွယ်၊ပြန်လည်ကုသနိုင်စွမ်း၊စိတ်ဝိညာဉ်စွမ်းအားကို၃၀%တိုးစေသည်။)

စိတ်ဝိညာဉ်-ဖန်ဆင်းရှင်၏ကွန်ပျူတာ(မူလစိတ်ဝိညာဉ်)

ရဲ့ဟန်လည်းသူ့အနေဖြင့်အဆင်သင့်ဖြစ်နေသည်ကိုခံစားလိုက်ရကာစိတ်ဝိညာဉ်တက်လှမ်းခြင်းစင်မြင့်ကိုသွားပြီးထိုအရာကိုမည်ကဲ့သို့အသုံးပြုရမည်ကိုလေ့လာလိုက်လေသည်။
===

စိတ်ဝိညာဉ်တက်လှမ်းခြင်းစင်မြင့်
အဆင့်-ဒဏ္ဍာရီအဆင့်

ဖော်ပြချက်:စိတ်ဝိညာဉ်တက်လှမ်းခြင်းနယ်မြေနှင့်စိတ်ဝိညာဉ်တိုက်ပွဲကွင်းပြင်ကိုပို့ဆောင်ဆက်သွယ်ပေးသည့်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဖြစ်ပါတယ်။စိတ်ဝိညာဉ်တက်လှမ်းခြင်းနယ်မြေကတော့တစ်ခုနဲ့တစ်ခုမတူညီကွဲပြားခြားနားတဲ့မြေမျက်နှာသွင်ပြင်၊ရာသီဥတု၊သဘာဝပေါက်ပင်နဲ့ဂေဟစနစ်များစွာရှိတဲ့နေရာတစ်ခူဖြစ်ပါတယ်။
စိတ်ဝိညာဉ်တိုက်ပွဲနယ်မြေကတော့အကြွင်းအကြန်စစ်ပွဲနယ်မြေဖြစ်ပြီးတော့မတူညီကွဲပြားတဲ့မှော်ဝင်သားရဲတွေနဲ့ရင်ဆိုင်ရနိုင်ပြီးတော့သေခြင်းရှင်ခြင်းရင်ဆိုင်တိုက်ပွဲတွေတိုက်ခိုက်ရမယ့်နေရာတစ်ခုဖြစ်ပါတယ်။သင့်အနေနဲ့သင်စိတ်ကြိုက်သက်တမ်းရှိတဲ့သားရဲအမျိုးအစားနဲ့သင်သဘောကျတဲ့ပတ်ဝန်းကျင်နယ်မြေမျိုးစုံမှာတိုက်ခိုက်နိုင်ပါတယ်။

ငပျင်းတစ်ကောင်၏စွန့်စားခန်းWhere stories live. Discover now