ရဲ့မိုင်လီလည်းသူမသားကသူမ၏လက်အားပွေ့ဖက်ကာအံသြဖွယ်ကောင်းလောက်အောင်ချစ်စဖွယ်ပြုံးပြနေသည်ကိုတွေ့လိုက်သဖြင့်
"မေ့ပူတူတူးလေးရေ မေမေ့ကိုပြုံးပြစမ်းပါဦး"

"ဝါးးဟစ်ဟစ်...."

ရှစ်လခန့်ကြာသော်
မိသားစုတစ်ခုလုံးဧည့်ခန်းထဲမှာလူစုံတက်စုံရှိနေကြလေသည်။ကျောင်းဟန်ကတော့မီးဖိုချောင်ထဲတွင်အိမ်ရှင်ထီးလုပ်နေရပြီးရဲ့မိုင်လီကတော့သူမရဲ့သားလေးရဲ့ဟန်နှင့်ဆော့ကစားနေလေသည်။ရုတ်တရက်ရဲ့ဟန်က
"မေ.. မေ"ရဲ့မိုင်လီလည်းလွန်စွာအံအားသင့်သွားပြီးသူမအနေနဲ့နောက်တစ်ခါထပ်မကြားချိန်အထိနားကြားမှားသည်ဟုထင်မှတ်နေလေသည်။

"မေမေ"
ရဲ့မိုင်လီတစ်ယောက်သူသားအနေနဲ့သူ့ကိုမေမေလို့ခေါ်လိုက်သည်ကိုကြားရလိုက်သည့်အခါ သူမအရှင်လတ်လတ်ကောင်းကင်ဘုံရောက်သွားသကဲ့သို့ပီတိဝေဖြာသွားလေသည်။ကျောင်းဟန်လည်းချုက်ပြုတ်ပြီးမီးဖိုချောင်ထဲကထွက်လာသည့်အချိန်တွင်သူ့သားအသံကိုကြားလိုက်ရသဖြင့်လွန်စွာအံ့သြ
သွားကာသူ့သားဆီသို့အပြေးသွားလေသည်။

"ဟေးသားလေး ဖေဖေလို့ခေါ်ကြည့်စမ်း"
"မေမေ"
"ဟ ဟငါ့သားရဲ့ပထမဆုံးစကားလုံးကမေမေတဲ့"
"မေမေ"
ရဲ့ဟန်လည်းသူ့အမေကိုမော့ကြည့်လိုက်ပြီး အပြုံးကြီးကြီးပြုံးပြကာ
တိုးဝှေ့လိုက်ပြီးအမှတ်ယူလိုက်လေသည်။
"သားလေရေ ဖေဖေလို့ခေါ်ကြည့်ပါလား"
"မေမေ"
ကျောင်းဟန်လည်းသူ့သားကသူ့ကိုဖေဖေလို့ခေါ်တာကိုကြားရဖို့လက်မလျော့ခဲ့ပါဘူး။
"မေမေ"
"အို့ကလေးရယ် မင်းကငါ့ကိုဘယ်လိုပျော်အောင်လုပ်ရမလဲဆိုတာသိတာပဲကွယ်"

"ဖေဖေလို့ခေါ်ပါကွာတစ်ခါတည်းပါ"

ရဲ့ဟန်တစ်ယောက်သတိထားမိသော်လည်းသူ့အဖေကိုစနောက်လိုက်လိုသဖြင့်
"မေမေ မေမေ"ဟုသာခေါ်လိုက်လေသည်။

ကျောင်းဟန်တစ်ယောက်သူ့သားလကသေးသေးလက်တစ်ဖက်ကသူ့ကိုလာကိုင်ချိန်အထိစိတ်ဓာတ်အလွန်ကျသွားလေသည်။
ကျောင်းဟန်လည်းသူ့သားကိုပြောဖို့ပြင်လက်ပေမည့်သူ့သားကသူ့ကိုဆွဲခေါ်လိုက်ပြီးပွေ့ဖက်လိုက်ကာ
အံသြ သွားစေမယ့်စကားလုံးအချို့ကိုပြောလိုက်ပါတော့သည်။

ငပျင်းတစ်ကောင်၏စွန့်စားခန်းWhere stories live. Discover now