" ဒီပါလေး ဘယ်သွားမလို့လဲ "

"မိုးရွာထဲမှာ ပန်းပင်တွေပျိုးနေပြန်ပြီလေ ဒယ်ဒီ ။မောင့်ကို သွားခေါ်မလို့ "

" ဟား ဟုတ်ပါပြီ။သူ့ယောက်ျားကို အပျောက်မခံနိုင် ဖြစ်နေတာ "

"အာ မဟုတ်တာ ဒယ်ဒီကလည်း "

ဒီပါ့မျက်နှာဟာခရမ်းချဉ်သီးလေးလို ရဲတက်လာပြီး နားရွက်ဖျားလေးတွေပင်ရဲတက်လာသည်။ရှက်ရှက်နဲ့ ဂုတ်ကိုပွတ်သပ်ကာ ရယ်မိလေတော့ ဒယ်ဒီက တဟားဟား အော်ရယ်လာသည်။

" ကျွန်တော်သွားလိုက်ဦးမယ် ဒယ်ဒီ "

" ကောင်းပါပြီ "

ထွဋ်မြတ် ရှေ့က လှုပ်တုပ်လှုပ်တုပ်နဲ့ထွက်သွားတဲ့ကောင်ငယ်လေးက လိမ္မာရေးခြားရှိပြီး အလိုက်သိလွန်းတဲ့ သူရဲ့သားမက်လေးပါဘဲ။အတူနေတာ ၈လနီးပါးရှိလာပြီဖြစ်လို့ ဒီကလေးရဲ့စိတ်နေသဘောထားနဲ့သားအပေါ်ထားတဲ့ စွန့်လွှတ်အနစ်နာခံစိတ်တွေကိုပါ ထွဋ်မြတ် မြင်လာပါပြီ။ဒီကလေးပြောတာမှန်ပါတယ်။အချစ်ကို ယောက်ျားမိန်းမဘဲချစ်ရမယ်လို့ ကန့်သတ်မထားဘဲ အချစ်ကိုအချစ်လို့သာ မြင်ပေးကြရင် အရာအားလုံးကအဆင်ပြေနေမှာပါဘဲ။ယောက်ျားနှစ်ယောက်ထူထောင်ထားတဲ့ အချစ်ကလည်း နွေးထွေးမှု၊တစ်ယောက်ပေါ်တစ်ယောက်ကြင်နာမှု၊နားလည်မှုတွေနဲ့ ပြည့်နှက်ပြီး သာယာနေတတ်ပါတယ်။သားတို့နှစ်ယောက်ဟာ တကယ့်ကိုဖူးစာဖက်တွေပါဘဲ။ဒီကလေးကြောင့် သားနဲ့လည်းပိုပြီးနီးကပ်ခဲ့ရသလို သားရဲ့အပြုံးတွေမြင်ရလို့ ထွဋ်မြတ်ကြည်နူးမိပါတယ်။ဒီကလေးက သားနဲ့သူ့ကြားမှာ ပေါင်းကူးတံတားလေးလိုပါဘဲ။

_______________________________

" မောင် "

အနောက်ဖျားဆီမှ အသံငယ်လေးကြောင့် သူကိုယ်တိုင်တောင်မသိလိုက်ပါဘဲ နှုတ်ခမ်းထောင့်စွန်းတို့ဟာကော့ညွတ်သွားရသည်။ထီးလေးကို မမှီ့တမီနဲ့ အာဏာ့ကို လှမ်းစောင်းပေးနေတဲ့ ကောင်ငယ်လေးဟာ အာဏာ့ရဲ့သက်ဆိုင်သူ။

" မိုးတွေရွာနေတာကို ငယ်ရယ်။ဘာကြောင့်များဆင်းလာရတာလဲ။မိုးမိပြီး ဖျားကုန်မှဖြင့် "

" မောင်ကရော ဘာကြောင့်များ မိုးရွာထဲ ပန်းပင်တွေပျိုးနေရတာပြန်တာလဲ။မိုးမိရင်ဖျားမယ်ဆိုတာမသိဘူးလား "

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Where stories live. Discover now