"ဒီမှာ ဆက်စပ်စာအုပ်တွေမရှိဘူးလား"လီကျန်းက ဒီအကြောင်းးနဲ့ပတ်သက်ပြီး လုံး၀မစိုးရိမ်နေဘူး။သူ မှုခင်းဆိုင်ရာဆေးပညာစာမေးပွဲဖြေတုန်းက တစ်လလောက် အောက်ထပ်မသွားပဲနဲ့ အိမ်မှာနဲ့အိမ်ပြင်မှာထိ ဆက်စပ်စာအုပ်တွေကို ပြန်ပြောင်းတွေးနေခဲ့တာ။ကြောင်ငယ်လေးကို ပြုစုပျိုးထောင်ရာမှာ ဖိအားမရှိသင့်ဘူးလို့ သူယုံကြည်ချက်ရှိတယ်။အိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်ရဖို့ ဆိုတာက သူအိပ်မက်ဆိုတာကို မပြောတော့ပါဘူး။အဲ့ဒါထက်ကို သူ့ကိုယ်ပေါ်က မကောင်းတဲ့အငွေ့အသက်တွေကို မကြောက်တဲ့ ကြောင်ကလေးတစ်ကောင်ရှာတွေ့ဖို့ဆိုတာ မလွယ်ကူဘူးလေ။

ပိုင်ရှင်ကအမှန်တကယ်ကို အံ့အားသင့်သွားတယ်။မင်းမှာ ဒီလိုကြင်နာတတ်တဲ့နှလုံးသားလေးရှိရင် မင်းက ကြောင်ချစ်တတ်တဲ့သူ ဖြစ်သင့်တယ်နော်။"စာအုပ်တွေက အဲ့မှာမရှိဘူး ဒါပေမယ့် ငါ့မှာ ကြောင်ဂျာနယ်တစ်စောင်တော့ရှိတယ် မင်းကိုငါ ကော်ပီတစ်ခုပေးနိုင်ပါတယ် ငါ့ရဲ့ကြောင်အမေအနက်လေးက ဆေးထိုးထားပေမယ့်လည်း ဒီအသေးလေးကတော့ စောစောတုန်းက ကစားပြီးရုံလေးရှိသေးတယ် မင်းက ကြောင်တစ်ကောင်ကုတ်တာပဲခံလိုက်ရပေမယ့် လုံခြုံအောင် ခွေးရူးပြန်ကာကွယ်ဆေးထိုးသင့်တယ် ကာကွယ်ဆေးငါးလုံးလောက်ထိုးလိုက်ပါ တစ်လလောက်ခံတယ်"

ဖန်းကြည့်က စိုက်ကြည့်လိုက်တယ်။ဟုတ်တယ်။ငါ ‌နေမကောင်းဖြစ်နေပြီ။ဖန်းဟယ်က မကူညီနိုင်ပေမယ့် ပိုင်ရှင်ဆီကို သူ့ရဲ့ကြောင်လက်ဖဝါးလေးတွေနဲ့ ယမ်းပြလိုက်တယ်။လာပြီး ငါ့ကို ဖမ်းလိုက်ပါတော့။မနက်ဖြန်ပြီး နောက်နေ့ဆို ဇွန်ဘီတစ်ကောင်  ရှိလာတော့မှာ။ဇွန်ဘီတစ်ကောင်စားတာခံလိုက်ရတာထက် ခွေးရူးပြန်ရောဂါနဲ့ သေသွားတာပိုကောင်းလောက်မယ်။

လီကျန်းက ခေါင်းညိမ့်လိုက်တယ်။"ကြောင်ကလေးရဲ့ပစ္စည်းတစ်set ကျွန်တော့်ကို ပေးပါဦး"။"ကဲ ကဲ ငါ မင်းအတွက် အခြားအရာအားလုံးရှာပေးမှာပါ မင်းက ဖြစ်လာတဲ့ပမာဏကိုပေးရုံပဲ"။ပိုင်ရှင်က ဒီဧည့်သည်ရဲ့အေးစက်စက်မျက်နှာကို စိတ်မ၀င်စားနေတော့ပဲနဲ့ ဖန်းဟယ်အတွက် ပစ္စည်းတွေကို ရှာဖို့ လှည့်ထွက်သွားတယ်။

ဇွန်ဘီဘုရင်ရဲ့အိမ်မွေးကြောင် [COMPLETE]✓Where stories live. Discover now