Ep - 23 (THE END)

5.2K 329 98
                                    

(Unicode)

ရှောင်းကျန့်ရဲ့ မာမားဆုံးပြီးတဲ့နောက်ပိုင်း ရှောင်းကျန့်ဘဝအတွက် တွယ်တာစရာဆိုလို့ ရိပေါ်နဲ့ သားလေးနှစ်ယောက်ရယ် ယောက္ခမနှစ်ယောက်ပဲရှိပါတော့သည်။ သူငယ်ချင်းကျိုးချန်ကလည်း သူ့ဘဝနဲ့သူဖြစ်နေပြီ။

ဟွားဟွားကတော့ ရှောင်းကျန့်တို့ဆီမှာ အလုပ်လုပ်နေတုန်းဖြစ်သည်။

မာမားဆုံးပြီး နှစ်ဝက်လောက်ကြာသည်အထိ ရှောင်းကျန့်က ဝမ်းနည်းပူဆွေး နေဆဲ။

ပါပါးကိုလက်လွှတ်လိုက်ရတုန်းက မာမားရှိသေးသည်ဟူသော အတွေးနဲ့ အဲ့လောက်မခံစားခဲ့ရ။ ဒါပေမယ့် မာမားဆုံးပြီးနောက်ပိုင်း ချစ်ရသူတွေကို ဆုံးရှုံးရခြင်းကို ကြောက်ရွံ့လာသည်။

အလွန်တရာမှ တန်ဖိုးထားခဲ့ရတဲ့ ကျောင်းဆရာအလုပ်ဆိုတာလည်းသူ့အတွက် အရေးမကြီးတော့။ မိသားစုကို ပိုပြီး အချိန်ပေးလို့ စောင့်ရှောက်နိုင်ဖို့အတွက် ပါချုပ်ရာထူးရခါနီးမှ အလုပ်ထွက်ကာ ပင်စင်ယူလိုက်လေသည်။

လူ့ဘဝကရခဲမျှ ဘယ်အချိန်မှာ လောကကြီးက ထွက်ခွာရမှန်းမသိနိုင်တာကြောင့် ဘဝအတွက် ကျန်ရှိနေတဲ့ အချိန်တွေကို ကိုယ့်မိသားစုကိုပဲ တန်ဖိုးထားတာ ဂရုစိုက်ဖို့ဆုံးဖြတ်လိုက်တော့သည်။

.......

ရှောင်းကျန့်က စာဖိုမှုးသင်တန်းတွေတက်ကာ အချက်အပြုတ်ကိုကြိုးစားသင်ယူသည်။

အရင်တုန်းက မီးဖိုချောင်ဇောက်ထိုးလုပ်တော့မလိုဖြစ်ခဲ့ပေမယ့် ယခုတော့ ထိုသ််ို့မဖြစ်စေရ။

ကလေးလေးတွေစားချင်တာရော ရိပေါ်စားချင်တာပါ ကောင်းကောင်းချက်ပြုတ်ပေးလို့ရသည်အထိ ကြ်ိုးစားနေသည်မှာ ခုဆို ရှောင်းကျန့်လက်ရာ တော်တော်တောင်ကောင်းနေပြီ။

ယောက္ခမကြီးတွေကလည်း အသက်ကြီးလာပြီဖြစ်တာကြောင့် ရှောင်းကျန့်က သူကိုယ်တိုင်ပဲ အနီးကပ်ပြုစုသည်။

ရိပေါ်ကို ရုံးသွားရုံးပြန် အကြိုအပို့ ၊ သားကြီးကျောင်းအကြိုအပို့ ရှောင်းကျန့်ပဲလုပ်သည်။ ပြီးတော့ ရှောင်းကျန့်က အိမ်မှာနေသည်ဆိုတော့ သားငယ်ကို ထိန်းရသည်ကများ၏။

Highway To HeavenWhere stories live. Discover now