Ep - 2

5.7K 509 147
                                    

(Unicode )

မျက်နှာကိုလက်နဲ့သပ်ချလို့ စိတ်မတည်ငြိမ်တဲ့ပုံစံနဲ့ ရှောင်းကျန့်ကို ရိပေါ်က အခုမှမြင်ဖူးတာဖြစ်သည်။ တုန်လှုပ်နေပုံနဲ့ရှောင်းကျန့်က တကယ်ဆို ကွာရှင်းခိုင်းလို့ ဝမ်းသာနေရမှာမဟုတ်ဘူးလား။

" အကြောင်းပြချက်က ဘာလဲဝမ်ရိပေါ် "

" ပရော်ဖက်ဆာ့ကို စိတ်ကုန်သွားလို့ "

" စိတ်ကုန်တယ် ဟုတ်လား "

ထိုစကားကိုရှောင်းကျန့်ကြောက်သလို တစ်ဖက်ကလည်း ဟားခနဲရယ်ပစ်ချင်သည်။ ကျိုးချန် ဒီကောင်က အကြားအမြင်ရတယ်ထင်သည်။ ညနေက ရှေ့ပြေးနမိတ်ကို ကြိုဟောလိုက်တာပဲဖြစ်ရမည်။

" ကျွန်တော်က စာချုပ်မှာ လက်မှတ်ထိုးပြီးပါပြီ။ ပရော်ဖက်ဆာ့လက်မှတ်ပဲလိုပါတော့တယ် "

ရိပေါ်မှာတော့ တည်ငြိမ်အေးဆေးလွန်းလှ၏။ ရှောင်းကျန့်တစ်ယောက်တည်းသာ ရင်ထဲမီးတောက်နေရတာဖြစ်သည်။

" အစ်ကိုဆို "

" မကြာခင်မှာပဲ မသက်ဆိုင်တော့တဲ့သူတွေဖြစ်မှာဆိုတော့ အခေါ်အဝေါ်တွေပြင်ထားသင့်တယ်ထင်လို့ပါ "

ရှောင်းကျန့်က အတော်ရယ်စရာကောင်းတဲ့လူ။ သူများကျ မျိုးရိုးပါတပ်လို့ နာမည်အပြည့်စုံခေါ်ပြီး သူကျ အစ်ကိုလို့ခေါ်ခံချင်တဲ့ ရှောင်းကျန့်က တကယ် အတ္တကြီးတာ။

" ကိုယ်ကတော့ ကွာမပေးနိုင်ဘူး ရိပေါ် .. မင်းကိုယ့်ကိုချစ်ခဲ့တယ်မဟုတ်ဘူးလား။ ဘာလို့ ခုမှ "

ထင်သားပဲ။  ရှောင်းကျန့်က အစကတည်းက တစ်တောက်လျှောက်လုံး သူ့ကိုချစ်လွန်းလို့ ငုံ့ခံနေတယ်ထင်ပြီးတစ်ချိန်လုံးလူကို နိုင်စားလာတာ။

ငါကတော့ မချစ်နိုင်ဘူး ဒါပေမဲ့ မင်းချစ်တာကိုတော့ကြိုက်တယ်ဆိုတဲ့လူစားမျိုးက ရှောင်းကျန့်ပင်ဖြစ်သည်။

ရိပေါ်က ရှောင်းကျန့်ကို နားမလည်နိုင်။ ဘယ်လိုဖြစ်လို့များ ဒီငါးနှစ်လုံးမှာ နှလူံးသားမရှိတဲ့သူလိုမျိုးနေနိုင်ခဲ့ရတာလဲ။

ပြီးတော့ တစ်သက်လုံး မျိုးရိုးပါတပ်ခေါ်လာခဲ့တဲ့သူက ခုမှရိပေါ်တဲ့။ အပြောင်းအလဲမြန်တဲ့ ရှောင်းကျန့်က သိပ်ကြောက်ဖို့ကောင်းတာ။

Highway To HeavenWhere stories live. Discover now