Ep - 1

11.3K 574 98
                                    

(Unicode)

ကျောင်းကနေပြန်အလာ မီးပွိုင့်မိလို့စောင့်နေတုန်း စုံတွဲဖြစ်ပုံရတဲ့ ကောင်လေးနှစ်ယောက်ကလက်တွဲသွားတာမြင်လိုက်တဲ့အခိုက်မှာ ရှောင်းကျန့်တစ်ယောက် အတိတ်ဆီသို့ ပြန်တွေးမိသွား၏။

ခုခေတ် အသက်နှစ်ဆယ်အရွယ်ကလေးတွေက ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ရည်းစားစကားပြောကြသလဲရယ်တော့ မသိပေမယ့် ရှောင်းကျန့်ရဲ့ သက်ဆိုင်သူကောင်လေးက ရှောင်းကျန့်ကို ချိုချဥ်တစ်လုံးပေးလို့ ရည်းစားစကားပြောခဲ့တာဖြစ်သည်။

" ကျွန်တော်ပရော်ဖက်ဆာ့ကိုသဘောကျလို့ "

ကောင်လေးက ရယ်တော့ရယ်ရသည်။ ကျောင်းဆင်းချိန် ကားပါကင်သို့ လျှောက်လာခိုက် ကောင်လေးက လမ်းခုလတ်မှာ ရှောင်းကျန့်ရှေ့ ဝင်ရပ်၏။ ထို့နောက် မျက်လုံးစုံမှိတ်ကာ ချိုချဥ်တစ်လုံးကို လက်ထဲထည့်လို့ ရည်းစားစကားကို ယတိပြတ်ကြီးပြောသွားပြီး ထွက်ပြေးသွားလေသည်။

" တီ တီ တီ "

နောက်က ဟွန်းသံတွေကြောင့် မီးစိမ်းနေတယ်ဆိုတာ အသိဝင်လာပြီးမှ မောင်းထွက်ခဲ့ရသည်။ ဝမ်ရိပေါ်ဟာ တစ်ခါတလေဆို သူ့ကို အတွေးများအောင်လုပ်သည်။

" လူတွေက ချစ်တာက ချစ်နိုင်တယ်။ ဒါပေမယ့် စိတ်ကုန်သွားတဲ့အခါလည်းရှိနိုင်တယ်။ အဲဒီအခါကျမှ မေတ္တာတွေထပ်ရချင်ပါတယ်ဆိုလို့ကတော့ အလကားပဲ ရှောင်းကျန့် ။ လူဆ်ိုတာ ရှိတုန်းကို တန်ဖိုးမထားတတ်ကြဘူး မရှိမှ လွမ်းဆွတ်တောင့်တ တတ်ကြတာသဘာဝပဲ ။နောက်မှ နောင်တမရချင်ရင် မင်းအခုလုပ်နေတာတွေ ပြန်သုံးသပ်ပေါ့ကွာ  "

ကျိုးချန်ပြောခဲ့တဲ့စကားတွေကလည်း နားထဲမှာ တဝဲလည်လည်ဖြစ်နေ၏။

တာဝန်ယူရုံသက်သက်ပဲ မချစ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်ထားမိခဲ့တာ အတော်ကြာပြီပဲ။

.........

အိမ်ကိုပြန်ရောက်သည်နှင့် လုပ်နေကျအတိုင်း ရိပေါ်က ရှောင်းကျန့်ရဲ့ လက်ဆွဲအိတ်ကိုလာသယ်ပေး၏။ ထို့နောက် ချွတ်ပြီးသားကုတ်အကျီကိုပါ လှမ်းယူသည်။

Highway To HeavenWhere stories live. Discover now