RVTIACF chapter-(27)

Start from the beginning
                                    

ချူရှောင်းဖန်ချင်းရဲ့ ချီးမွမ်းမှုကို တွေးကြည့်မိသည်။ သူမရဲ့သိစိတ်က အရမ်းစွမ်းအားကြီးတာ။ ဒါကြောင့်သူမက သာမန်လူတွေထက် ပိုတော်လို့ပြောတာ မမှားပါ။ သူမပြုံးလိုက်ရင်းပြောသည်။

"မေမေဒီလို ပြောတာကြားတော့ သမီးစိတ်သက်သာ သွားပါပြီ။ ဒီလိုမျိုး အရင်ကမလုပ်ဖူးဘူးဆိုတော့ အရမ်းစိုးရိမ်နေခဲ့တာ။ သမီးကောင်းကောင်း လုပ်ခဲ့တယ်ဆိုမှတော့ ဖေဖေနဲ့မေမေပေါ်မှာ ထမ်းထားရတဲ့ဝန်တွေကို အတတ်နိုင်ဆုံးလျော့အောင်ပိုကြိုးစားပါ့မယ်။"

"သမီးပျော်ရင် အမေလည်းပျော်ပါတယ်။ အလုပ်အလွန်အကျွံ မလုပ်နဲ့။ နောက်ဆုံးတော့လည်း သမီးအဖေနဲ့အမေက နုပျိုနေတုန်းပါပဲ။ သမီးဒါနဲ့တဖြည်းဖြည်း ကျင့်သားရသွားတဲ့အထိ စောင့်နိုင်ပါတယ်။"

"မေမေစိတ်မပူပါနဲ့။ သမီး မပင်ပန်းပါဘူး။ ကုမ္ပဏီကိုလက်လွှဲယူပြီးတာနဲ့ အမေတို့နှစ်ယောက်ကို အပန်းဖြေခရီးပို့ပေးမယ်။ အမေအနားယူပြီး ဟန်နီးမွန်းမှာ ကမ္ဘာပတ်လို့လည်းရတယ်။ နောက်ကလေးလေး တစ်ယောက်တောင် ရချင်ရလာဦးမှာ။"

"နောက်တာရပ်တော့ကွယ်! အမေတို့က အိုနေပါပြီ။ ဘယ်လိုလုပ်ကလေး ထပ်ရတော့မလဲ?"

ဖန်ချင်းရယ်သွမ်းသွေးရင်း သူမခေါင်းကိုပုတ်၏။ ထို့နောက် သူမ သက်ပြင်းချရင်းပြောသည်။

"သမီးက အမေတို့အတွက် လုံလောက်နေပါပြီ။ သမီးအရွယ်ရောက် ကြီးပြင်းလာတာကိုကြည့်ရတာနဲ့တင် အမေကကျေနပ်နေပြီ။"

ချူရှောင်း ရယ်သည်။

"သမီးကြိုးကြိုးစားစား အလုပ်လုပ်ပြီး အမေ့ရဲ့ဂုဏ်ဆောင် ဖြစ်လာစေရပါမယ်။ ဒီလိုနဲ့ သမီးအလိမ္မာလေးရှိနေလို့ဆိုပြီး လူတိုင်းကအားကျကြမှာနော်။"

"ကိုယ့်ဘာသာ ပြန်ချီးကျူးနေတာ မရှက်ဘူးလား?"

ဖန်ချင်းက ပျော်ရွှင်စွာနောက်သည်။ သူမတစ်ဘဝလုံးရင်းပြီး ဘာလို့ကြိုးစားနေတာလဲ? သူမမိသားစုရဲ့ ပျော်ရွှင်မှုအတွက် ကြိုးစားခဲ့တာ။

ယိချန်နဲ့ ကိစ္စအပြီးမှာ သူ့သမီးကနေ့ချင်းညချင်းရင့်ကျက်သွားသလို ထင်ရသည်။ သူမ ပိုစဥ်းစားတတ်လာပြီး အကောင်းမြင်တတ်လာ၏။ အဲ့ဒါကကောင်းသလား ဆိုးသလားသူမမသိပေ။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now