RVTICF Chapter-(26)

Start from the beginning
                                    

ဒါကြောင့် ပရောဂျက်ရဲ့ အသေးစိတ်ကိုဖတ်ဖို့ သူမအချိန်အများကြီးမရပေ။ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ခန့်ထားရုံနဲ့ပရောဂျက်ကို ဒီလောက်ထိနားလည်သွားဖို့မှာ အလွန်ခက်ခဲ၏။

သူမနဲ့လူကိုယ်တိုင်မတွေ့ခင်က ချူရှောင်းကိုယောက်ျားတစ်ယောက်ကြောင့် အယ်ကိုဟောလ်မှာနစ်မွန်းနေတဲ့ သန့်စင်ရိုးရှင်းသူ ကောလိပ်ကျောင်းသူလေးအနေနဲ့ တွေးခဲ့မိ၏။ စီးပွားရေးလောကကို ဝင်ရောက်လာတဲ့အခါ သူမမှာမွေးရာပါ ပါရမီရှိပြီး အချစ်ကြောင့်သူမကိုယ်သူမ အယ်လ်ကိုဟောမှာ နစ်မွန်းခံမယ့်သူနဲ့မတူပေ။

ချူရှောင်းရဲ့ပါရမီကို ဖျတ်ခနဲမြင်လိုက်ရတာက သူ့ကိုတစ်ခုတော့ ယုံကြည်သွားစေသည်။အဲ့တာက ချူရှောင်းလက်ထဲက တုံ့ဖန်အုပ်စုကစီးပွားရေးလောကမှာ ဘယ်တော့မှကျဆင်းမသွားဟူ၍သာ။ တုံ့ဖန်အုပ်စုနဲ့ပူးပေါင်းတာ ကောင်းမွန်တဲ့ရွေးချယ်မှုလို့ သူယုံကြည်မိသည်။

နှစ်ဦးသား ဖန်ချင်းနဲ့အထူးလက်ထောက်လင်း ရောက်လာတဲ့အထိ ဆယ်မိနစ်ကြာ စကားပြောနေကြ၏။ ရှောင်းဟန်က ဖန်ချင်းကိုအရင်နှုတ်ဆက်လိုက်ပြီးပူးပေါင်းမှုအရ တရားဝင်ဆွေးနွေးမှုမစခင် နှစ်ဖက်စလုံးယဥ်ကျေးတဲ့စကားတွေ အပြန်အလှန် ဖလှယ်ကြသည်။

ချုရှောင်းနဲ့ရှောင်းဟန်ရဲ့ စောနကဆွေးနွေးမှူက နှစ်ဘက်လုံးကအခြေအနေတွေကို ရှင်းရှင်းလင်းလင်း ဖြစ်ပြီးဖြစ်တာမို့ ဖန်ချင်းရဲ့အချိန်တွေကို အတော်လေးချွေတာ
မိစေသည်။ ဖန်ချင်းနဲ့ရှောင်းဟန်တို့ ပရောဂျက်ရဲ့အသေးစိတ်တွေဆီသာ တိုက်ရိုက်ဦးတည်လိုက်တော့သည်။

ချူရှောင်းက လောလောဆယ်မလိုတော့ပေ။ သူမကအထူးလက်ထောက်လင်း ဘေးဘက်မှာထိုင်ပြီး သူမဘာလုပ်တယ်ဆိုတာ ဂရုတစိုက်လေ့လာနေသည်။ သူမက ဖန်ချင်းနဲ့ရှောင်းဟန်ကြားက ဆွေးနွေးမှုရဲ့စကားလုံးတွေကို ကီးဘုတ်ပေါ်မှာ လက်ချောင်းတွေဝဲရင်း မှတ်သားနေ၏။

သူမရဲ့လက်တော့ပ်မှာလည်း သူတိူ့စကားဝိုင်းရဲ့ အရေးကြီးတဲ့အချက်အလက်တွေအကြောင်း မှတ်တမ်းယူနေသည်။ သူတို့လက်ဖက်ရည် ကုန်သွားတိုင်းသူမလက်ဖက်ရည်ထပ်နှပ်ပြီး သူတို့လက်ဖက်ရည်ခွက်တွေထဲ ပြည့်ဖြည့်ပေးမည်သာ။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now