PT ( 8 )

156 26 2
                                    


(Zaw)

Googleထဲမှာ ခေါ်လို့ကောင်းတဲ့ နာမည်လေးတွေကို
လိုက်ရှာနေမိသည် ရွမ်ကျွင် လည်းရည်းစားရမှ မလုပ်ဖူး
တာတွေ လုပ်နေမိတော့တယ်

"ဒီဟာက ကောင်းပေမဲ့ မဟုတ်သေးဘူးလေ"

"ဒါက ဘာကြီးလဲ"

"ကြက်သီးထစရာကြီး"

တစ်ယောက်ထဲ နာမည်တွေ ထိုင်ရွေးနေတဲ့ ရွမ်ကျွင်ကို
ဂျယ်နို မေးငေါ့မိသည်

"ဘာလဲ"

"မင်းကလည်း အခုထိရှာမတွေ့သေးဘူးလား"

"အကြိုက်မတွေ့တာကွ"

"ရိုးရိုးတန်းတန်းခေါ်တော့ နာဂျယ်မင်း ကမင်းကိုထားခဲ့
မှာမို့လား"

"ဒါပေမဲ့လည်း ဘာဖြစ်လဲ"

မျက်စောင်းထိုးလာတဲ့ ရွမ်ကျွင်ကို ဂျယ်နိုပြန်ပြီးမျက်စောင်း
ပြန်ထိုးလိုက်သည်

သူပြောမိတာမှားပြီထင်သည် တစ်ခါလောက်ရူးသွပ်ကြည့်
ပါဆိုတာကို သူ့သူငယ်ချင်းကတော့ တစ်ခါမက ရူးသွပ်ချင်
နေမိသည် ထင်သည်

ပျော်တစ်ဝက် မပျော်တစ်ဝက်နဲ့ ဂျယ်မင်းက ထိုင်နေသည်
နှင်းဆီရိုင်းတစ်ပွင့်ကို မြတ်နိုးမိပြီး ယုယစွာသိမ်းထားချင်
ကာမှ ဆွဲနှုတ်ရတော့မည်

~ဒါမှန်းသိရင် ဦးလေးခိုင်းတဲ့အလုပ်ကို အစတည်းကငြင်း
ခဲ့တာပေါ့~

နောင်တက ဘယ်လိုပင်ရရ ပြန်ဆုတ်လို့မရနိုင်တော့ဘူး
အချစ်လား ကျေးဇူးရှင်လားဆိုတာ ဂျယ်မင်းအတွက် ခက်
ခဲတဲ့ မေးခွန်းတစ်ခုပင်

အစကတည်းနဲ့ နှစ်ယောက်စလုံးနဲ့မတွေ့ခဲ့ရမှာ

နာမည်တွေ တစ်ခုပြီး တစ်ခု လိုက်ကြည့်နေရင်းနဲ့မှ ရွမ်
ကျွင် သူသဘောကျတာကို တွေ့သွားဟန်ပင်

"မောင်"

နူးညံ့ချိုသာစွာ သူခေါ်လိုက်ပေမဲ့ ဂျယ်နိုက ချောင်းတွေထ
ဆိုးကုန်သည်

"ကြားရခက်လိုက်တာကွာ"

"တိတ်တိတ်နေ"

"အောင်မလေး တစ်သက်လုံးကြမ်းလာတဲ့ သူက လာနူး
ညံ့ပြနေတယ် အို ဘာတဲ့ မောင် တဲ့ အမယ်လေး"

မောင့်နှင်းဆီရိုင်း ( မောင့်နှင်းဆီရိုင်း )Where stories live. Discover now