PT ( 1 )

401 41 4
                                    


(Zaw)

လူသူကင်းမဲ့တဲ့လမ်းမကြီးထက်မှာ ကောင်လေးတစ်ယောက်က ဆေးလိပ်ငွေ့တွေကိုမှုတ်ထုတ်ရင်း ယိုင်နဲ့နဲ့လျှောက်
လို့လာသည် ဒီလိုအချိန်မှာ ဒီလိုပုံစံမျိုးရှိတာဆိုရင် လူကောင်းရယ်လို့တော့မဖြစ်နိုင်ပါ လူဆိုးသာဖြစ်ပေလိမ့်မည်
အနက်ရောင်ဝတ်ဆင်ထားတဲ့ထိုသူက ဆေးလိပ်ငွေ့တွေနဲ့
ရောရင်းဘဲ လမ်းထောင့်တစ်နေရာကိုရောက်ခဲ့တယ်

မှောင်မည်းကြီးထဲမှာ ထိုသူကိုင်ထားတဲ့ ဓားလေးကအရောင်တောက်ပစွာနဲ့ သွေးဆာနေဟန်တူလွန်းသည် အမှန်လည်းမကြာလိုက်ပါ ကားပေါ်ကဆင်းလာတဲ့သူတစ်ယောက်
ကို အနောက်ကနေမသိအောင် သူ့ဓားနဲ့ထိုးသတ်ခဲ့လေပြီ
သွေးဝသွားဟန်ရှိတဲ့ဓားလေးက အရောက်တောက်ပစွာ

"ရှင်းခဲ့ပြီးပါပြီ"

ခပ်ပြတ်ပြတ်ဘဲပြောလိုက်ကာ ထိုသူကထွက်သွားလေပြီ
ကြေးစားလူသတ်သမားတွေက သိပ်ကြောက်ဖို့ကောင်း
တယ်မဟုတ်လား ကိုယ်နဲ့ရန်ငြိုးမရှိတဲ့သူကိုတောင် သတ်
လိုက်နိုင်တယ်လေရက်စက်တဲ့နည်းပေါင်းများစွာကိုကျွမ်း
ကျင်သလို နှိပ်စက်နည်းများစွာကိုလည်းတတ်လွန်းသည်
မဟုတ်လားလေ

ကြေးစားလူသတ်သမားတွေအတွက် မေတ္တာမရှိဘူးဆိုရင်
မဟုတ်ပါဘူး သူတို့လည်းသူတို့ခံစားချက်နဲ့သူတို့ပါ သူတို့
ချစ်တဲ့သူတွေကို နစ်နာမှာဆိုးလို့အဝေးကိုတွန်းပို့ပြီး လူမုန်း
အောင်လုပ်တဲ့နေရာမှာလည်း သိပ်တော်တယ်လေ သူတို့
ကိုယ်တိုင်ကလူတွေဆီကအထင်သေးတဲ့အကြည့်နဲ့အကြည့်ခံရရင်တောင် သူတို့ချစ်တဲ့သူတွေကိုတော့ကာကွယ်ပေး
ချင်တတ်ကြတာ အဲ့တာမေတ္တာပေါ့

သူတို့ကနှင်းဆီရိုင်းနဲ့တူတယ်
အဆူးဝိုင်းနေတဲ့နှင်းဆီရိုင်းလေ
တခြားနှင်းဆီတွေလို အများနည်းတူဆက်ဆံခံချင်ပေမဲ့
သူတို့ဆီကအဆူးတွေက တစ်ဖက်လူကိုထိခိုက်စေမှာ
တခြားနှင်းဆီတွေလို လှလှလေးနဲ့အများကြီးမပွင့်နိုင်ပေမဲ့
သူတို့လည်းပွင့်တတ်တဲ့နှင်းဆီဘဲလေ

နှင်းဆီချင်းတူတာတောင် ကွာတာကရှိသေးတကိုး
အဲ့တာက နှင်းဆီရိုင်းဘဲလေ သူတို့ကိုယ်တိုင် သူများအယု
အရလေးခံချင်ပေမဲ့ သူတို့ဆီကဆူးကြောင့် တခြားသူကို
အဆိပ်ဘဲသင့်စေမှာ အဲ့တာဟာ နှင်းဆီရိုင်းဖြစ်ခဲ့ချင်းရဲ့အ
ဓိကအားနည်းချက်

မောင့်နှင်းဆီရိုင်း ( မောင့်နှင်းဆီရိုင်း )Where stories live. Discover now