PT ( 7 )

138 34 2
                                    

(Zawgyi)

တစ်ခါလောက် ရူးသွပ်ပြစ်ကြည့်ချင်တာမို့ ရွမ်ကျွင့်တစ်
ယောက် မနက်မိုးလင်းလင်းခြင်း ဂျယ်မင်းဆီ ဖုန်းဆက်ဖို့
ပြင်လိုက်သည်

ညကတစ်ညလုံး သူတော်တော်လေး စဉ်းစားခဲ့ရသည်
မေးခွန်းပေါင်း သောင်းခြောက်ထောင် အပြီးမှာတော့ အ
ဖြေတစ်ခုကိုသူရှာတွေ့ခဲ့သည်

သူ နာဂျယ်မင်းကို ချစ်သည်

တောင်တွေးမြောက်တွေး စဉ်းစားမနေတော့ဘဲ ဖုန်းလေး
ကိုင်ကာ အကျိုးမပေးတဲ့ကောင်ဆိုတဲ့ အမည်နာမလေးကို
နှိပ်ရင်း ဖုန်းခေါ်လိုက်သည်

ဖုန်းကတော်တော်လေးနဲ့ လာမကိုင် အချိန်တစ်ခုကြာမှ
လာကိုင်သည်

"ဟယ်လို"

"နာဂျယ်မင်း"

"ကိုကြီး ပြောလေ"

အားပျက်နေတဲ့ ဂျယ်မင်းအသံလေးက တကယ်ကို အခန်း
ပိတ်ကာ သူ့ကိုသူနှိပ်စက်ထားပုံပင် သူဂျယ်မင်းကို အဲ့
လောက်တောင်မှ အနိုင်ယူခဲ့သည်

"မင်း ထမင်းစားဖြစ်ရဲ့လား"

"ဟင်အင့်"

"အဆင်ပြေရဲ့လား"

"ဟင်အင့်"

"ငါမင်းနဲ့တွေ့ချင်တယ်"

"ကျွန်တော်နဲ့လား"

"အင်း ငါလိပ်စာပို့လိုက်မှာမို့လာခဲ့"

"အင်း"

ဖုန်းချပြီးတာနဲ့ လိပ်စာလေးတစ်ခု ရိုက်နှိပ်လိုက်ကာ သူ
ကတော့ ပြင်ဆင်ရင်း ဆိုင်လေးမှာ စောင့်နေသည် ထမင်း
ကောင်းကောင်းမစားတဲ့ ကောင်ဆိုးလေးကို ဒီနေ့တော့
ထမင်းစားခိုင်းရမယ်ဆိုပြီး သူချိန်းလိုက်ခြင်းပင်

တခြားအကြောင်းရာတစ်ခုပါ ထည့်ပြောရမည်ဆိုလျှင်
သူဂျယ်မင်း အချစ်ကိုလက်ခံမလို့သာ

ဆိုင်လေးမှာ စောင့်နေရင်း အချိန်တစ်ခုကြာလာတော့
ဂျယ်မင်းက ရောက်လာသည် မျက်ကွင်းညိုညိုလေးနဲ့ ပိန်
ကျသွားတဲ့ ဂျယ်မင်းက ဒီအတောအတွင်း တော်တော်လေး
ခံစားခဲ့ရမယ်လို့ သူတွေးလိုက်သည်

"လာလေ ထိုင်"

"ဘာကိစ္စလဲ"

ဂျယ်မင်းအမေးတောင် ပြန်မဖြေတော့ဘဲ ဆိုင်ရှင်ကို ဟင်း
မျိုးစုံအောင်မှာကာ ဟင်းတွေလာချတော့ ဂျယ်မင်းကိုထမင်း
စားခိုင်းသည် သူကိုယ်တိုင် သေချာလုပ်ပေးရင်း သေချာ
ကျွေးနေရှာသည်

မောင့်နှင်းဆီရိုင်း ( မောင့်နှင်းဆီရိုင်း )Tempat cerita menjadi hidup. Temukan sekarang