ဤတွင်ကား ယုံရခက်မည်ဖြစ်သော အပြိုင်စင်္ကြာဝဠာနှင့် အချိန်ခရီးသွားခြင်းအား သုတေသနပြုလုပ်ဖူးသော စာရေးသူ၏ နိဂုံးပေတည်း။

မှတ်ချက်။ ။ လပြည့်လကွယ်ညတို့၍ ထူးခြားချက်ကို
စူးစမ်းရာတွင် သတိကြီးကြီးထားစေလိုပါသည်။

စာအုပ်ဝယ်စုတတ်သော အလေ့အကျင့်ကို ဘတ်ဟျွန်း သူ့ဟာသူပင်ချီးကျူးမိ၏။ တစ်ရွက်ထဲပင်ပါသော စာရွက်ပေမဲ့ အချက်အလက်အနည်းငယ်ကိုသိလိုက်သဖြင့်
မျှော်လင့်ချက်ရေးရေးလေးရှိလာပေသည်။ စာအုပ်အရ
Loey ဟာ လီယောလ်ရဲ့ကိုယ်ပွါးဖြစ်နိုင်သလို တစ်ဖက်မှလီယောလ်အချိန်ခရီးသွားလာခြင်းလဲ ဖြစ်နိုင်၏။ လီယောလ်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီကို သူအသေးစိတ်မှတ်မိပါ၏။ သို့ရာတွင် အနှီအလုံးကြီးကိုကား လီယောလ်ရဲ့အစိတ်အပိုင်းတစ်ခုချင်းစီနဲ့ တူမတူကို
တစ်ကိုယ်လုံး ချွတ်ပြီးရှာမှသာလျှင် မိမိနောက်လိုက်လာသော လီယောလ်လား ကိုယ်ပွါးလားဟူ၍ တိတိကျကျသိရမည်ပင်။ ဟဲ့ကောင်ချွတ်ဆိုပြီး ချွတ်ခိုင်းလို့လဲ မဖြစ်ပါချေ။ အကျီဘယ်လိုချွတ်ခိုင်းရမလဲကို ထိုင်စဉ်းစားရင်း ဘတ်ဟျွန်း သွေးပင်တတ်လာရ၏။

ကိုယ့်ထက်အကောင်သေးရင်လဲ ကောင်းသား။ အိမ်မှာ ထမင်းလာစားလှည့်ပါဖိတ်ပြီး တစ်ကိုယ်လုံးကို ဆွဲချွတ်ပစ်လိုက်မည်။ နှာဘူးလို့ထင်ရင်လဲထင်ကြပါစေတော့။ လီယောလ်မဟုတ်တဲ့ ချွတ်စွပ်တူတဲ့ကိုယ်ပွါးသာဆိုလျှင် သူလက်လျော့ပေးလိုက်မည်ဖြစ်ပါ၏။ ဘယ်လောက်ပင် ချွတ်စွပ်တူတူ သူမြတ်နိုးခဲ့ရတာက လီယောလ်ပင်ဖြစ်လေသည်။ ဂုတ်ပိုးကို လက်နုနုဖြင့် ဖိနှိပ်ရင်း အိပ်ယာဝင်လိုက်တော့၏။ မနက်ဖြန်တွင် အကျီချွတ်ရရေး ဘတ်ဟျွန်းအရေးအတွက် ကြိုးပမ်းမည်ဖြစ်လေသည်။

_______

ဆိုးလ်မြို့အတွင်းရှိ စံအိမ်ကြီးတစ်ခုထဲတွင် အနှီလူသားမှာ ရှူးဖိနပ်အနက်ကိုမချွတ်ပဲ ခြေချိတ်ထိုင်နေကာ လက်တစ်ဖက်ကလဲ ဝိုင်ခွက်ကိုမာန်ပါပါ မြှောက်ကိုင်ထားသေး၏။ မျက်ခုံးတန်းတန်းတို့မှာ စုကုပ်နေကာ တစ်စုံတစ်ခုကိုအသည်းအသန် စဉ်းစားနေပုံရပြန်၏။

Imaginary SphereWhere stories live. Discover now