"ဒါဆို ကျွန်တော်.."

"ဟိုဘက်မှာ မင်းဟာတခြားလူအနေနဲ့ ပြန်ရှင်သန်လာလိမ့်မယ်။ ကြင်ယာတော်နဲ့အနီးဆုံးကိုပို့ပေးမယ်။ မမှတ်မိပေမဲ့ ကြင်ယာတော်နဲ့တွေ့တဲ့အခါ တစ်ခုခုခံစားမိမှာပါ။ သတိကြီးကြီးထားဖို့လဲမှာချင်တယ်။ အဲ့ဘက်ကမ္ဘာမှာ ဒီကမ္ဘာက ကျိန်စာတိုက်သူရဲ့ ကိုယ်ပွါးရှိနေတယ်။ အပြုအမူ အနေအထိုင် အားလုံးတစ်ထေရာထဲပဲ။ ဒီဘဝကလူကတော့ အချုပ်အနှောင်ခံထားရပေမဲ့ အားနည်းတဲ့ကမ္ဘာက သူ့ကိုယ်ပွါးကို လိုသလိုခိုင်းစေလို့ရနိုင်သေးတယ်"

"ကျေးဇူးတင်ပါတယ် နတိမင်းကြီး အစစအရာရာ ဂရုစိုက်ပါမယ် ကြင်နာပေးမှုအတွက်လဲ ဝမ်းမြောက်မိပါတယ်"

အလင်းတန်းပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် လီယောလ်ပါပျောက်ကွယ်သွားလေသည်။

______

"ကိုယ်မင်းကိုမသိဘူး"

လျော့ရဲ့လာတဲ့လက်တွေကို ထိန်းချုပ်နိုင်စွမ်းမဲ့သွားတဲ့အခါမှာတော့ ဘတ်ဟျွန်းလက်ကလေးဟာ ကိုင်ဆွဲထားတဲ့ လက်တွေကနေ ပြုတ်ကျသွားလေသည်။

"လိမ်နေတာ မင်း လိမ်နေတာ ထွက်သွားရတဲ့သူက ငါဆိုပေမဲ့ ငါက..ငါကရော မင်းအနားကထွက်သွားချင်ခဲ့တယ် များ ထင်နေလားဟမ်!"

ခံစားချက်တွေကို မထိန်းချုပ်နိုင်စွာ မျက်ရည်က ပိုးပိုးပေါက်ပေါက်ကျလာပေမဲ့ တကူးတကကြီး သုတ်ဖယ်မနေမိတော့။ ကိုယ်ခံစားခဲ့ရတာ ကိုယ်ပဲသိတယ်မဟုတ်ပါလား

"မင်းကမမှတ်မိဘူးဆိုတော့ ဒီနှစ်တွေအတွင်း ငါတစ်ယောက်ထဲ ခံစားနေခဲ့ရတာပေါ့ အရူးလိုလေ ဟား.."

"မင်းပြောတာကိုယ်မသိပေမဲ့ ဒါပေမဲ့ဒါက အလုပ်ခွင်ထဲမှာမင်းစကားပြောတာကိုတော့ ထိန်းဖို့လိူမယ်လို့ ကိုယ်အကြံပေးချင်တယ်"

နံရံကိုမှီရပ်နေတဲ့သူက လက်တစ်ဖက်ကို ဘောင်းဘီအိပ်ကပ်ထဲ ကျကျနနထိုးထားပြီး ကျန်တစ်ဖက်က ဆံပင်တွေကြားထဲ လက်ချောင်းထိုးပြီး ခပ်ဖွဖွသပ်လိုက်တယ်။ သူ့ကြည့်ရတာ ငိုနေတဲ့ကလေးတစ်ယောက်ကို လေပြေလေးနဲ့ချော့နေတဲ့ ကလေးအဖေရဲ့ပုံစံလိုမျိုး

"ပြုံးပြ"

"ကိုယ့်ကို ပြောတာလား"

အဆက်အစပ်မရှိပဲ ထွက်လာတဲ့စကားအဆုံးမှာ မရည်ရွယ်ပါပဲ Loeyက ပြုံးပြလိုက်တယ်။

"ရှိနေခဲ့တာပဲ"

နီကျင်ကျငိမျက်ဝန်းတွေနဲ့ ဘတ်ဟျွန်းကပြုံးတယ်။

"ပြုံးလိုက်ရင်ဘယ်ဘက်ပါးမှာ ခွက်ဝင်သွားတဲ့ ခပ်နက်နက်ပါးချိုင့်ရယ် နှာခေါင်းထိပ်က မထင်မရှားမှဲ့နက်ကလေး ရယ် ဆုပ်ကိုင်ထားလိုက်ရင် ကြီးမားပြီးနစ်ဝင်သွားတတ်တဲ့ လက်ခပ်တုတ်တုတ်တွေရယ်။ ငါ့တစ်ကိုယ်လုံးကို မြုပ်ဝင်သွားစေတဲ့ မှီခိုလိုက်တိုင်းနွေးထွေးတဲ့ရင်ခွင်နဲ့စောင့်ကြိုနေတတ်တဲ့လူက ဒီကမ္ဘာပေါ်မှာ နှစ်ယောက်မရှိဘူး"

နံရီကိုမှီနေတဲ့သူက ယခုထိတုတ်တုတ်မလှုပ်လာသေး..

"ဒီဘဝမှာတော့ မင်းကိုငါကပိုချစ်ပေးပါ့မယ်
မမှတ်မိလဲဘာအရေးလဲ မင်းကငါ့အပိုင်ဖြစ်နေခဲ့ပြီးသားလေ ငါ့ပါးချိုင့်လေးရဲ့.."

ထပ်ငိုချချင်လာတဲ့ဘတ်ဟျွန်းဟာ Loeyကိုကျောပေးပြီး အခန်းထဲကပြေးထွက်လာခဲ့တယ်။ နာကျင်နေရတုန်းဆိုပေမဲ့ မျှော်လင်နေရတဲ့သူက ကိုယ်အရှေ့ရောက်လာခဲ့ပြီမဟုတ်လား။ နှစ်၁၀၀ကျော်စောင့်ခဲ့ရတဲ့ လီယော်လ်ကို သူသနားတယ်။ သူလဲမမှတ်မိခဲ့ပေမဲ့ ချန်းယောလ်က ဘယ်တုန်းကငြိုငြင်ခဲ့ဖူးသလဲ။ သူလဲကြိုးစားလို့ရနိုင်သေးတာပဲဲ  ။ ချန်းယောလ်ပြန်ချစ်လာဖို့ ရင်ခွင်ကျယ်ကှယ်ကြီးဆီ တစ်ဖန်နားခိုခွင့်ပြန်ရနိုင်ဖို့။ ကံကြမ္မာဟာ သူ့ကို တစ်ဖက်လူကိုစာနာတတ်ဖို့ အခွင့်အရေးပေးတယ်ထင်ပါရဲ့။  ချန်းယောလ်ဟာ သူ့အတွက်ဘယ်လောက်တောင်နညကျင်ခဲ့လိုက်မလဲ...

ရှပ်အကျီအဖြူအောက်က ခပ်ဖျော့ဖျော့လင်းလာတဲ့ အပြာရောင်အလင်းတန်းငယ်ကို ကာယကံရှင်ကိုယ်တိုင်ရော ပြေးထွက်သွားတဲ့သူရော သတိမပြုမိလိုက်ကြချေ။

ကံကြမ္မာကတစ်ခါတစ်လေကျီစယ်တတ်ပါရဲ့။ ဘဝဆိုတာပျော်ရွှင်မှုဆိုတဲ့အရာနဲ့ပဲပြည့်နှက်နေတာမဟုတ်လို့ ရှင်သန်နေတဲ့အချိန်အတွင်းမှာ ရိုက်ခတ်မှုပေါင်းစုံနဲ့ကြုံရတယ်။ ပျော်ရွှင်စရာတွေလဲရှိသလို ဝမ်းနည်းစရာ နာကျင်စရာတွေပါ ဒွန်တွဲပါတတ်တယ်။ အကောင်းနဲ့အဆိုးဟာဒွန်တွဲနေသလိုပေါ့။ အခက်အခဲတွေကြားက အခွင့်အရေးကိုဖမ်းဆုပ်ရင်း ပျော်ရွှင်မှုကိုလက်ယပ်ခေါ်မနေပဲ ပျော်ရွှင်စရာတွေဆီ ကိုယ်တိုင်ကိုယ်ကျရအောင် ကြိုးစားရသလိုမျိုး။

Imaginary SphereWhere stories live. Discover now