Part (24)

1.8K 61 0
                                    

စွဲငြိနှောင်တွယ်

🌸pann

Part (24)

" အစ်ကို့ ရပြီ..ဒီမှာပဲချပေးတော့ "

" ဒီမှာလား.."

" ဟုတ်ကဲ့.."

ဆိုက်ကားနင်းတဲ့အစ်ကို့ကိုရပ်ခိုင်းလိုက်ပြီး ကျွန်တော်ပါလာတဲ့အထုပ်တွေဆွဲကာ ပိုက်ဆံပါတစ်ခါထဲရှင်းလိုက်သည်..။

အိတ်လေးကိုင်ပြီးလှည့်ရုံရှိသေး..

" နိုင်နိုင့်...ဟီးဟီး.."

" ဟေ့..မီလတ်..အင့်.."

စကားတောင်မဆုံးသေး..ကျွန်တော့်ကိုယ်ပေါ်ခုန်တက်လာပြီး ခွဖက်လာသည် ။

ကျွန်တော့်မှာရုတ်တရက်ကြီးမို့ဟန်မပြင်ရသေး..နောက်ကိုတောင်ယိုင်သွားရသေးသည်။

ကျွန်တော့်မှာသူမပြုတ်ကျဖို့အရေးနဲ့ သူရောကိုယ်ပါနောက်ပစ်မလှဲဖို့ ကိုယ့်ကိုယ်ကိုယ်ထိန်းလိုက်ရသလို လက်ထဲကပါလာတဲ့ပစ္စည်းတွေလည်းလွှတ်ချပြီးသူ့ကိုသာဖက်ပြီးထိန်းထားလိုက်ရသည်..။

သူကတော့ ကိုယ်ပေါ်မှာအေးဆေးမနေ..တဟားဟားတဟီးဟီးနဲ့ ။

" ဟီးဟီး..နိုင်နိုင်..နိုင်နိုင့်..အဟီး..ငါ..ငါနင့်ကိုစောင့်နေတာဟ..ဟွင်းဟွင်း.."

လှုပ်ရမ်းနေလို့ကျွန်တော့်မှာဆူငေါက်ချင်ပေမယ့် သူပျော်နေတာကိုခံစားနေရတော့ မဆူရက်တော့..။

ပြုတ်ကျမှာစိုးလို့ သေချာပဲပြန်ဖက်ထားပေးမိသည်..။

" ဟဲ့ မီလတ်..နင်နိုင်နိုင်ပြန်လာတာအဲ့သည်လောက်ပျော်နေတယ်ပေါ့..ဟမ်.."

" ဟုတ်ပါ့ဟယ်..ပြေးခုန်တက်သွားရတယ်လို့..သူငယ်ချင်းအချင်းချင်းပါဟယ်..ငါတို့တောင်နင့်လောက်မဖြစ်ဘူး သူများတွေသာမြင်ရင်ကွဲကွာနေကြတဲ့သမီးရည်းစားတွေလို့ထင်နေပါအုံးမယ်..ဆင်းတော့ သူ့အပေါ်က.."

" ဟမ်..အေ..အေး "

မီလတ်ခုမှပဲ ကိုယ့်ပုံစံကိုယ်ကြည့်မိပြီးရှက်သွားကာ သူ့ကိုယ်ပေါ်ကနေလျှောဆင်းချလိုက်သည်..။

မီလတ်လည်းသူ့ကိုတွေ့တာနဲ့ ပျော်မိသွားလို့သူ့ဆီပြေးသွားမိလိုက်တာပါ..။

စွဲငြိနှောင်တွယ် ( Unicode) Where stories live. Discover now