Part (2)

3.1K 113 1
                                    

စွဲငြိနှောင်တွယ်

🌸pann

Part (2)

ကျွန်တော်မှတ်မိတာပေါ့..အဲ့သုံးယောက်ကို။

မပြောင်းလာချင်ဘဲ ပြောင်းလာခဲ့ရတဲ့နေရာ..မလိုက်ချင်ဘဲလိုက်လာခဲ့ရလို့ အိမ်ကိုစိတ်ကောက်ပြီး တစ်ယောက်ထဲချောင်မှာထိုင်နေခဲ့တာ။

အလှူ ပေးတဲ့နေ့ကလည်း ချောင်မှာထိုင်နေခဲ့တာပဲ.. အဲ့နေ့ကပေါ့ကျွန်တော်မြင်ဖူးခဲ့တာ။

ဆံပင်တွေကိုတိုကပ်ကပ်ညှပ်ထားကြတာ..ခုခေတ်စားနေတဲ့ စန္ဒာကေဆိုတာမျိုး ။

ရင်စေ့လက်တိုရင်ဖုံးနဲ့ ဒူးလယ်ထိအရှည်ထားဝတ်ပေမယ့် မဝတ်တတ်တော့အစွန်းတွေစောင်းထွက်နေတဲ့ထဘီ..။

ပြီးဝတ်ထားကြတဲ့ ရွှေတွေလည်းတစ်ကုံးနှစ်ကုံးမဟုတ်..မျက်စိကျိန်းနောက်လောက်တဲ့ထိ ဆင်ထားကြတာ ။

ဒီလောက်ရွှေတွေသီနေအောင် ဝတ်ထားကြပေမယ့် သူများအလှူ အိမ်လာပြီးစားလိုက်ကြတဲ့အစား.. ကိုက်ယူလိုက်တဲ့အသားတုံး ။

ဘယ်နှပွဲမှန်းမသိ သူတို့တွေစားသွားကြတာ..လိမ်းလာကြတဲ့သနပ်ခါးတွေမှမထောက် နှုတ်ခမ်းတစ်ဝိုက်အဆီတွေမှကွင်းကွင်းကွက်ကွက်ကြီး ။

နည်းနည်းလေးမှ မိန်းကလေးဆန်တာမတွေ့လိုက်ရ..တစ်ခါမှသူတို့လိုမိန်းကလေးမျိုးမတွေ့ဖူးခဲ့..။

ကျွန်တော်ချစ်မိမယ့်မိန်းကလေးကလည်း အဲ့လိုမိန်းကလေးမျိုးမှန်း ကြိုသာသိခဲ့ရင်..။

ူသူပထမဆုံးကျွန်တော့်ဆီစဝင်လာတာက သူငယ်ချင်းပါတဲ့..။

အဖြူ ရောင်ကာလာနဲ့ သူငယ်ချင်းပါတဲ့..။

တစ်ခါတလေ အချစ်ကကိုယ်ရောင်ဖျောက်ပြီး စုံစမ်းထောက်လှမ်းဖို့ ကိုယ့်အနားရိုးသားမှုမျက်နှာဖုံးစွပ်ပြီး ရောက်လာတတ်မှန်း ကြိုတင်အရိပ်ကဲဖမ်းမိတတ်ခဲ့ရင်..။

.

အဖြူ စိမ်းဝတ်ပြီး ကုတင်အောက်ထိုးကျနေတဲ့ ပြည့်ကြပ်နေတဲ့လွယ်အိတ်ကို ကုတင်အောက်ဝင်ပြီးလှမ်းဆွဲယူရသည်..။

သောကြာနေ့ညနေက ကျောင်းပြန်လာချင်းချင်း ရောက်ရာလွှဲပစ်ထားတာ.. ခုမှတစ်ခါပြန်ရှာရတာ ။

စွဲငြိနှောင်တွယ် ( Unicode) Where stories live. Discover now