RVTIACF chapter-(20)

Start from the beginning
                                    

" နောက်ကျတဲ့အထိ မနေနဲ့နော်။ နောက်နေ့မနက်လည်း အတန်းရှိသေးတယ်ကွဲ့။"

ချူရှောင်းအချိန်ကို ဝေ့ကြည့်ပြီးပြုံးသည်။

" ခုဆယ်နာရီပဲ ရှိသေးတယ်။ ဆယ့်တစ်ကျ အိပ်ယာဝင်လိုက်ပါ့မယ်။ စိတ်မပူပါနဲ့နော်။ သမီးပင်ပန်းတာနဲ့ နားမှာပါ။"

"ကောင်းပြီလေ။ ကိုယ့်ကိုယ်ကို ဂရုစိုက်နော်။" သူ့သမီးက အသက်မွေးဝမ်းကြောင်းလုပ်ငနအပေါ် ဒီလောက်ထိအင်အားစိုက်ထုတ်တာ မြင်ရလို့ ဝမ်းမြောက်မိသည်။ သူမပြုံးပြီး မထွက်သွားခင် သူ့သမီးခေါင်းလေးကို ပွတ်ပေးလိုက်၏။

"အချစ်ဆိုတာ စိတ်ကူးယဥ်ဆန်ပြီး ဖမ်းဆုပ်ဖို့ခက်ခဲတယ်။ ဒါမဲ့ကောင်းမွန်တဲ့ အသက်မွေးလုပ်ငန်းက အချစ်ထက်ပိုအားကိုးရတယ်။" ချူရှောင်းကြီးပြင်းလာပြီး တုံ့ဖန်အုပ်စုကို ဘယ်လိုခန့်ခွဲရမလဲ သင်ယူခဲ့ရင်အကောင်းဆုံးဖြစ်မှာ။ အနာဂတ်မှာ သူမအတွက်အချစ်ကို မရှာဖွေနိုင်ရင်တောင် သူမကိုမှီခိုနေတဲ့ ကုမ္ပဏီကြီးရှိသေးတယ်။

ဖန်ချင်းသူမထွက်မသွားခင် စက္ကန့်အနည်းငယ်လောက်ထပ်ပြီး ရပ်နေခဲ့သည်။ ဖန်ချင်းအခန်းမှာတော့ သူမကအစီအစဥ်ချပြီးအလုပ်လုပ်နေခဲ့သည်။ ချူရှောင်းပါဝင်နိုင်မယ့် ပရောဂျက်လိုမျိုးချူရှောင်းကို သင်ကြားပေးနိုင်သမျှ အရာတိုင်းကိုစာရင်းမှတ်နေခဲ့၏။

သူမရဲ့အစီအစဥ်အတိုင်း ချူရှောင်းကို မြေတောင်မြှောက်ပေးဖို့ စီစဥ်ထားသည်။ ချူရှောင်းကြီးပြင်းလာတာနဲ့ သူမသမီးကိုကမ္ဘာအစစ်ကို ချပြဖို့က မိခင်တာဝန်ပဲ။

နောက်နေ့မှာ အတန်းဆီချူရှောင်း vပုံစံလည်ပင်းနဲ့အနီရောင်ဝတ်စုံလေး ဝတ်သွားသည်။ ဆံပင်ကိုလည်း ခေါင်းနောက်မှာသပ်သပ်ရပ်ရပ် မြင်းမြီးလေးချည်ထားသည်။ သူမကအားအပြည့်ပြင်။ မနေ့ကအတိုင်းလှနေပေမယ့် ဒီနေ့ရဲ့အလှက ညှိ့ငင်နိုင်စွမ်းရှိသည်။

ပိုင်ရွယ်ဝေ့ကတော့ သူမနဲ့ယှဥ်ရင် လုံးဝကွဲပြားသောစရိုက် ရှိသည်။ သူမက နူးညံပြီးလှပသောသွင်ပြင်ကို နှစ်သက်ဖွယ်ဖြစ်စေသည့် အဖြူရောင်ဂါဝန်အပွကိုဝတ်ဆင်ထား၏။
သူမဆီက အပြုံးငယ်လေးတစ်ပွင့်တောင် လူကိုနွေဦလေပြေကဝေ့နေသည့်အလား။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now