RVTIACF chapter-(20)

Start from the beginning
                                    

သူမသူ့ကိုညစ်ပတ်တယ်ထင်လို့များ ရုတ်တရက်ကြီး လက်ထပ်ပွဲကိုဖျက်ဖို့ သဘောတူလိုက်တာ၊ သူပေးသမျှပုံတွေနဲ့ လက်ဆောင်တွေအကုန်လုံးကို လွင့်ပစ်လိုက်တာ၊ သူ့ကိုမကြည့်တော့တာ၊ ဖုန်းခေါ်သမျှမဖြေတော့တာလား?!

သူ့အိပ်ကပ်ထဲကလက်တွေက တင်းကြပ်တဲ့လက်သီးအဖြစ် ပြောင်းလဲသွားကာ သူ့ရင်အုပ်က ဒေါသကြောင့်မြင့်ချည်နှိမ့်ချည် ဖြစ်နေ၏။ သူ့အိမ်ဖုန်းနံပါတ်ကိုဆက်ပြီး သူ့ကိုလာခေါ်ဖို့ရာ ဒရိုင်ဘာတစ်ယောက်လွှတ်ပေးဖို့ ဆိုးရွားသည့်လေသံဖြင့် ပြောလိုက်သည်။

သူလှောင်ပြုံးပြုံးကာ တွေးမိသည်။ ချူရှောင်းသူ့ကို မကြိုက်တော့ရော? သူမကဘာတစ်ခုမှ မတော်လို့ သူကမကြိုက်တာလေ! ချူရှောင်းသူ့ထက်သာတဲ့သူ ရှာနိုင်မလား မြင်ချင်စမ်းပါဘိ။

ချူရှောင်းတစ်ယောက် ဖုန်းချပြီးနောက်မှာတော့ customer service ကိုဖုန်းဆက်ပြီး သူ့ဖုန်းနံပါတ်ကို ပြောင်းလဲလိုက်တော့သည်။ အတိတ်မှာမူလကိုယ်နှင့် ပိုင်ရွယ်ဝေ့ကို ခွဲထားလို့မရပေ။ မူလကိုယ်တွင်လည်း တခြားရင်းနှီးသော သူငယ်ချင်းမရှိ။

သူမမှာသူငယ်ချင်းအချို့ရှိသော်လည်း ရင်းနှီးသော ဆက်ဆံရေးမရှိပေ။ ထို့ပြင်လက်ရှိချူရှောင်းမှာလည်း သူတို့ကိုသူငယ်ချင်းအဖြစ် မသတ်မှတ်ချေ။ ရလဒ်ကတော့ သူမဖုန်းနံပါတ်အသစ်ကို သူမမိဘ၊ ဆရာနှင့်ကုမ္ပဏီကသူများကိုသာ ပေးလိုက်တော့သည်။

တခြားသူတွေကတော့ သူမနဲ့သူငယ်ချင်း​ဖြစ်ဖို့ ကံပါရင်အနာဂတ်မှာ သူတို့အားလုံးကို သူမဖုန်းနံပါတ်ပေးလိုက်မည်သာ။ ဒီနည်းနဲ့အဲ့ဒီအမှိုက်ကောင်ဆီက တခြားဖုန်းကောလ်တွေ ထပ်ဝင်လာမှာမဟုတ်တော့။

ဖန်ချင်းရဲ့ခရီးစဥ်ကို ချူရှောင်းအိမ်မှာပဲ အပြီးသတ်ပြီး အတည်ပြုဖို့ အထူးလက်ထောက်လင်းဆီ ပို့လိုက်၏။ အထူးလက်ထောင်လင်းက သူမအလုပ်ကောင်းကောင်းလုပ်ခဲ့ကြောင်းပြသည့် ပြုံးနေတဲ့ emojiပို့လာသည်။

ချူရှောင်းအလုပ်ပြီးတော့ စီးပွားရေးအင်္ဂလိပ်စာအုပ် ဖတ်ဖို့ထုတ်လိုက်သည်။ ဖန်ချင်းသူမသမီးအတွက် နွားနို့တစ်ခွက်ယူလာပြီး ပြောသည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now