RVTIACF chapter-(19)

Start from the beginning
                                    

ချူရှောင်းကသူ့ကိုအရမ်းကြိုက်တာ။ ဒီတော့ စေ့စပ်ပွဲကိုဖျက်ပြီးတဲ့နောက် သူမအပြင်းပြင်းထန်ထန်ခံစားနေရမှာပေါ့။ ဟုတ်တယ်မလား? စာသင်ခန်းထဲမှာ အရမ်းကြီးရိုက်လိုက်တာ သူ့ကိုမုန်းနေလို့လား? ကျောင်းကအိမ်ကိုပြန်ရောက်ရင် ချူရှောင်းရေချိုးခန်းထဲမှာပုန်းပြီး ငိုနေမှာလား?

သူတို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက်အရွယ်ရောက်ပြီး ကြီးပြင်းလာတာကိုကြည့်လာတဲ့ ငယ်ရည်စားများဖြစ်ကြသည်။ သူမနေနိုင်ဘဲသူ့ရှေ့မှာ ချူရှောင်းငိုခဲ့သမျှအချိန်တစ်ခုစီတိုင်းကို သတိရမိကာ သူ့နှလုံးသားလည်း ကိုက်ခဲလာ၏။

သူတို့တစ်ယောက်အတွက်တစ်ယောက် လက်တွဲဖော်အဖြစ်မသင့်တော်ဘူးလို့ ယုံကြည်ပေမယ့်လည်း သူမကိုအနိုင်ကျင့်တာတို့ ငိုအောင်မလုပ်ချင်ပေ။ သူတို့ဘယ်တုန်းကစပြီး ရန်သူတွေဖြစ်သွားခဲ့တာလဲ?

ယိချန်ပိုင်ရွယ်ဝေ့ကိုလွှတ်ပြီး သူမအတွက်ဒရိုင်ဘာခေါ်ပေးလိုက်၏။

"မင်းအရင်သွားသင့်တယ်။ အဖေကကိုယ့်ကို ချက်ချင်းအိမ်ပြန်လာဖို့ အမိန့်ပေးထားတယ်။ ကိုယ်အိမ်မှာခဏနေမှရမယ်၊ မဟုတ်ရင်အဖေကကိုယ့်ကတ်တွေ ပိတ်ပစ်လိုက်လိမ့်မယ်။ သူနဲ့အမေက လောလောဆယ်အရမ်းစိတ်တိုနေကြတာ။ အိမ်ပြန်ပြီး သူတို့ကိုချော့မှဖြစ်မယ်။"
ပိုင်ရွယ်ဝေ့ သူ့အပြုအမူတွေထဲကပြောင်းလဲမှုကို ခံစားနိုင်သည်။ ယောကျ်ားတွေက အတူတူပဲ။ အသစ်ကိုကြိုက်ကြပေမယ့် အဟောင်းကိုတော့ မပစ်နိုင်ကြဘူး။ ယိချန်ကချူရှောင်းကို စိတ်ပျက်ရင်တောင်မှ သူမကိုဆုံးရှုံးသွားတာနဲ့ ဗလာကျင်းပြီးစိတ်အနှောင့်အယှက် ဖြစ်သေးတာပဲ။ ပိုင်ရွယ်​ဝေ့ စိတ်မပူပါ အဲ့အစား စာနာစွာပြောလာသည်။

"ရှင်ကကျောင်းမှာ ကောင်းကောင်းလုပ်နိုင်တာပဲ။ အတန်းကိုရက်နည်းနည်းလောက်ပျက်တယ်ဆိုတောင် အဆင်ပြေပါတယ်။ လွတ်သွားတဲ့ သင်ခန်းစာတွေပြန်လုပ်ရုံပဲလေ။ အိမ်မှာခန္ဓာကိုယ်ကိုအားဖြည့်ဖို့ အာဟာရှိတဲ့စွပ်ပြုတ်တွေသောက်ဖို့ မမေ့နဲ့နော်။"

"သိပါပြီ။ စိတ်မပူပါနဲ့။

သူပိုင်ရွယ်ဝေ့နဲ့ရှိနေချိန်မှာ ချူရှောင်းအကြောင်းတွေးမိတာကြောင့် နည်းနည်းအပြစ်ရှိသလို ခံစားရသည်။ သူမကို သတိမပြုမိစေချင်တာကြောင့် နှစ်သိမ့်တဲ့စကားနည်းနည်းထပ်ပြောပြီး ထွက်လာလိုက်သည်။

အငြိမ်းစားဗီလိန်မမှ အမြှောက်စာဇတ်ကောင်လေးအဖြစ်သို့Where stories live. Discover now