မင်္ဂလာအိပ်ခန်းဟူသည်

Start from the beginning
                                    

နောက်ဆုံးသောဘုရင့်ကြင်ယာတော်၌မူ သား‌တော်ထွန်းကားခြင်းမရှိဘဲ သမီးတော်ချည်းသာ သုံးပါးရှိလေသည် ။

တော်ဝင်မျိုးနွယ်တို့အတွက် လက်ထပ်ထိမ်းမြှားခြင်းဆိုသည့်အရာမှာ အရေးကြီးသောကဏ္ဍတစ်ခုဖြစ်သည် ။ တစ်ဖက်မှကြင်ယာတော်သည် မျိုးရိုးမြင့်ရမည် ၊ ရုပ်ရည်ချောမောရမည် ၊ အကျင့်စာရိတ္တကောင်းမွန်ရမည် ၊ အမျိုးသမီးတို့ တတ်အပ်သည့်လက်မှုပညာ အနုပညာတို့ကိုလည်း တတ်မြောက်ထားရမည် ၊ အိမ်ထောင်ရေးနှင့် အိမ်မှုကိစ္စများကိုလည်း စီမံခန့်ခွဲနိုင်ရမည်ဖြစ်ပြီး များစွာသောစည်းကမ်းကိုလည်း လိုက်နာနိုင်ရမည် ဖြစ်သည် ။ မဟုတ်လျှင်တော်ဝင်ကြင်ယာတော်ဖြစ်ဖို့ရန်လုံးဝမထိုက်တန် ။

ထိုမျှအရေးကြီးသော ကြင်ယာတော်အရာကို လွယ်လွယ်ကူကူနှင့် အမိန့်ထုတ်ပြန်ကာ ကုန်သည်ခေါင်းဆောင်သမီးနှင့် လက်ဆက်ခိုင်းစေသည် ဆိုကတည်းက အကြံစည်တစ်ခုရှိမည်ဖြစ်ကြောင်းသိသာလှသည် ။

မည်သူ၏အကြံမှန်း ခန့်မှန်းမိသော်လည်း သေချာအောင်စုံစမ်းရဦးပေမည် ။ ထိုသူတို့၏ ဦးတည်ချက်သည်မည့်သူ့ကိုရည်ညွှန်းသည်ဖြစ်စေ သူ၏သက်ဆိုင်သူတို့ကို လာထိပါးခဲ့သည်ရှိသော် ညှာတာမည်မဟုတ်ပေ ။

တစ်စွန်းတစ်စသောအတွေးများတွေးပြီးနောက်တွင် နံဘေးမှတအင့်အင့် တအဲအဲနှင့်လူးလွန့်လာသော ဇနီးလေးကြောင့် ဂျောင်ကုလည်း သူ၏ကြင်ယာတော်အား နိုးဖို့ရန်လုပ်လိုက်သည် ။

" ဘေဘီ... ထတော့ ဒီနေ့နန်းတွင်းထဲဝင်ပြီး ဂါရဝပြုဖို့ပြင်ဆင်ရဦးမယ်လေ "

ကုန်လွန်ခဲ့ပြီးသောတစ်ညတာ၌ ဘေဘီဟုခေါ်ဆိုရန်‌ မှာကြားထားသည့် ကြင်ယာတော်ကြောင့် နံနက်ခင်းအစတွင် ဘေဘီဟူသည့် အခေါ်အဝေါ်ဖြင့်သာစတင်လိုက်သည် ။

ဂျောင်ကု၏နိုးသံကြောင့် ထယ်ယောင်း မျက်လုံးလေးများပွင့်လာသည် ။ ယခင်ရုပ်ရှင်မင်းသား ဘဝတုန်းကဆိုလျှင် ရှုတင်တွေ ၊ အင်တာဗျူးတွေ ၊ ရှိုးပွဲတွေကြောင့် သူဘယ်တုန်းကမှကောင်းကောင်းမအိပ်ခဲ့ရချေ ။ ဒီနေရာကိုရောက်လာချိန်မှသာ သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ခွင့်ရတာဖြစ်သည် ။

I'm Not A Girl |TK|✓Where stories live. Discover now