*156* ထောင်လွှားရန်

Start from the beginning
                                    

"ဒီနေရာက မြေကမ္ဘာမသေမျိုး ချန်ထားခဲ့တဲ့ လျှို့ဝှက်နယ်မြေလေ.. နေရာတိုင်းမှာ အန္တရာယ်တွေချည်းဘဲ"
ကိုယ်ရံတော် တစ်ယောက်က ပြောလာသည်။

ရုန်ယိခန္ဓာကိုယ်က ခနဲ့လိုက်သည်။
"ဒီနေရာမှာဘဲနေနေရင်ရော အန္တရာယ်တွေနဲ့က မတွေ့တော့ဘူးလား.. အန္တရာယ်က ငါတို့ဆီရောက်လာရင် ဘယ်လိုလုပ်မလဲ"

ကိုယ်ရံတော်များ "....."

ထိုအချိန်မှာ လူတစ်စုက သူတို့ခေါင်းပေါ်ကနေ ဖြတ်ပျံသန်းသွားကြသည်။

ထိုအဖွဲ့ကို ဦးဆောင်တဲ့ လူနှစ်ယောက်ကိုတွေ့လိုက်တဲ့အခါ ကိုယ်ရံတော်တွေက ချက်ချင်း ရုန်ယိ ခေါင်းကို ဖိချလိုက်ပြီး ထိုအုပ်စုထွက်သွားတော့မှသာ သူတို့လက်တွေကို ဖယ်လိုက်ကြသည်။

"ခင်ဗျားတို့ ဘာလုပ်ကြတာလဲ"
ရုန်ယိမှာ သူ့ရဲ့ရှုပ်ပွသွားတဲ့ ဆံပင်တွေကို ပြန်ပြင်ရင်း ပြောလိုက်သည်။

"အဲ့တာ ယင်မိသားစုက ပထမအကြီးအကဲနဲ့ ဆဌမအကြီးအကဲတို့ဘဲ"

ရုန်ယိခန္ဓာကိုယ်က
"တွေ့လား.. အန္တရာယ်က ငါတို့ဆီကို ရောက်လာပြီ"

ကိုယ်ရံတော်များ "....."

ရုန်ယိက ဆက်ပြောလိုက်၏။
"အင်း... အဲ့တော့ အဲ့လူတွေက ပထမအကြီးအကဲနဲ့ ဆဌမအကြီးအကဲဆိုတာပေါ့.. သူတို့ဘယ်လိုပုံစံရှိလဲ သိချင်လိုက်တာ.. ဒါမှ နောက်တစ်ခါ သူတို့ကို ထပ်တွေ့ရင် ထောင်လွှားမောက်မာပြလို့ရမှာ.."

"......."
ကိုယ်ရံတော်တွေက အမြန်ပြောလာ၏။
"သူတို့က မဟာယာနအဆင့်ကသူတွေပါ သခင်လေး... သခင်လေး သူတို့ရှေ့မှာ ထောင်လွှားလို့ရမယ်လို့ မထင်ဘူးနော်"

ရုန်ယိခန္ဓာကိုယ်က သူတို့ကို ပြန်မေးလိုက်သည်။
"ဟုတ်လား..ဒါဆို ခင်ဗျားတို့က သူ့ကိုယ်သူ အဲ့လူတွေရှေ့ တိုက်ရိုက်သွားပို့သင့်တယ်လို့ ပြောချင်တာလား"

ကိုယ်ရံတော်များ "......."

သခင်လေးရုန်ရဲ့ ဦးနှောက် တွေးခေါ်ပုံတွေက တစ်ခြားလူတွေနဲ့ လုံးဝကိုမတူဘူးဘဲ..။

ရုန်ယိ သူ့ခန္ဓာကိုယ်ကို မေးလိုက်၏။
"သူတို့ ဘယ်လိုပုံစံလဲဆိုတာ မင်းတွေ့လိုက်လား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]On viuen les histories. Descobreix ara