Chapter 3.3

1.2K 140 18
                                    

Unicode

ဥက္ကဋ္ဌရုံးခန်းထဲတွင် ကျိရှန်ရှောင်းက ဖုန်းကို လက်ထဲမှ ချလိုက်ပြီး သူ၏ညာဘက်လက်က သူ၏ အစာအိမ်ကို ဖိထားခဲ့သည်။

"မင်းဘာကို ထပ်ပြီး ဒေါသထွက်ပြန်ပြီလဲ?"

လှပပြီး ဂုဏ်သရေရှိသော သက်လက်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်သည် တံခါးဝမှ ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။

"ငါတံခါးဝမှာ ရှုချန်းနဲ့ တွေ့ခဲ့တယ်။ ပြီးတော့ သူ့မျက်လုံးတွေက နီရဲနေတာပဲ"

"ကျွန်တော် သူ့ကို မဆူခဲ့ဘူး"

ကျိရှန်ရှောင်းက ခပ်ပေါ့ပေါ့ ပြန်ဖြေခဲ့သည်။

"သူက အစီရင်ခံစာ လာပို့ရင်းနဲ့ ပြဿနာတစ်ခု ရှိတယ်လို့ ပြောခဲ့တယ်။ အဆုံးမှာတော့ သူက စားစရာတွေ လာပို့တာ ဖြစ်နေလို့ ကျွန်တော်က သူ့ကို နည်းနည်းပဲ ပြောလိုက်တာ"

"သူက မင်းကို ဂရုစိုက်ရုံပါကွယ်"

"ကျွန်တော်ဗိုက်ဆာရင် အစာစားရမှန်း မသိနေလို့လား?"

"မင်း ၊ အာ... တကယ်ပါပဲ"

သူမသားသည် ကဏ္ဍအကုန်လုံးတွင် ထူးချွန်သော်လည်း သူ့တွင် ခံစားချက်များကို နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။ အခြားသူများ၏ ကလေးများက လျှောက်ကစားနေပြီး ဦးတည်ရာမဲ့ နေထိုင်နေကြသော်လည်း သူက ငယ်သည့် အရွယ်ကတည်းက ထူးချွန်နေခဲ့ပြီ ဖြစ်သည်။ သူ၏ အာရုံအကုန်လုံးကို သူ၏ စာလေ့လာမှုနှင့် အလုပ်အကိုင်အပေါ်တွင် ထားခဲ့သည်။ သူသည် နှစ်ဆယ့်ခုနစ်နှစ် ရှိပြီဖြစ်သော်လည်း တစ်ခါမှ ချိန်းမတွေ့ဖူးပေ။

ရှုချန်းက သူမသူငယ်ချင်း၏ သားဖြစ်သည်။ သူမ(ရှုချန်း)သည် ကျိရှန်ရှောင်းအပေါ် ကောင်းသော အမြင်ရှိပြီး သူမသားသည်လည်း ဘွဲ့ရပြီးပြီးချင်း အလုပ်တန်းလုပ်ချိန်တွင် သူမက ထိုကလေးကို ဟွားရိ(ကုမ္ပဏီ)တွင် သီးသန့်အတွင်းရေးမှူး တစ်ယောက်အနေနှင့် ထည့်ပေးခဲ့သည်။ မူရင်းကတော့ ထိုအရာကို *ေရကန်နားရှိ ဥယျာဥ်တစ်ခုဖြစ်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ထိုအရာမှာ **ချစ်ခြင်းမေတ္တာကို တမ်းတနေသော ပန်းများ ကြွေကျနေသော်လည်း အသည်းနှလုံးမရှိသော ချောင်းသည် တစ်ရွေ့ရွေ့စီးဆင်းနေသည်မျိုး ဖြစ်မည်ဟု မထင်ထားခဲ့ပေ။

You've reached the end of published parts.

⏰ Last updated: Apr 20, 2022 ⏰

Add this story to your Library to get notified about new parts!

ဒီ Alpha ရဲ့ ဖယ်ရာမွန်းတွေက ပေါက်ကွဲထွက်နေတယ်!Where stories live. Discover now