Chapter 3.2

862 144 13
                                    

Unicode

Mr.Tony သည် သူ၏မျက်နှာပေါ်တွင် အထင်ကြီးသော အကြည့်ဖြင့် ချိုးကျင်းထွက်သွားသည်ကို ကြည့်နေခဲ့သည်။ သူ ရေရွတ်လိုက်သည်။

"ကယ်ကြပါဦး ၊ ငါ့ဒူးတွေ ချောင်ကုန်ပြီ"

"ကျွန်မဒူးတွေလည်း ချောင်ကုန်ပြီ။ ကျွန်မ *heat ဝင်ချင်နေတာလို့ ထင်လား?"

(T/N: တော်တော်များများသိလောက်မှာ ဆိုပေမဲ့ မသိတဲ့သူများအတွက် heat အကြောင်း အောက်ဆုံးက note မှာ ဖတ်ကြည့်နိုင်ပါတယ်)

"မင်းက ဘီတာတစ်ယောက်လေ!"

"ကျွန်မဘီတာဆိုရင်ရော ဘာဖြစ်လဲ! ချိုးကျင်းကို ဒီလိုမျိုးတွေ့လိုက်ရရင် ၊ အယ်လ်ဖာတစ်ယောက်တောင်မှ heat ဝင်သွားနိုင်တယ်!"

"တကယ်ပါ ၊ သူက ဖျော်ဖြေရေးလောကမှာ ဆွဲဆောင်မှုအရှိဆုံး အယ်ဖာ ဖြစ်နေတာ မထူးဆန်းဘူး။ ဘယ်လိုလုပ်အခြားသူတွေက သူနဲ့ ယှဥ်နိုင်မှာလဲ?"

"သူက အခုပထမနေရာက ကျသွားခဲ့ပြီ။ ဒါပေမဲ့ အနာဂတ်မှာ ဘယ်လိုရှိလဲဆိုတာ ဘယ်သူပြောနိုင်မှာလဲ? ကျွန်မဂရုမစိုက်ဘူး ၊ ကျွန်မကတော့ ကျွန်မလူကိုပဲ ပထမနေရာမှာ ပြန်ထားချင်တာ"

"အိုး ဟုတ်သားပဲ ၊ မင်းအခုလေးတင် ဓာတ်ပုံရိုက်ခဲ့တာမလား? မြန်မြန် ၊ တစ်ကမ္ဘာလုံးကို ပြောလိုက်တော့ ၊ ဒီလိုပြီးပြည့်စုံတဲ့ခေါင်းကို ငါဖန်တီးပေးခဲ့တာလို့လေ!"

ချိုးကျင်းအိမ်ပြန်ရောက်သောအခါ သူ ရှန်းရှီဆီသို့ တောင်းပန်စာတစ်စောင် ပို့ခဲ့သည်။ သို့သော် အနီရောင်အာမေဋိတ်တစ်ခုသာ ပေါ်လာခဲ့သည်။ တစ်ဖက်လူမှာ သူ့နံပါတ်ကို ဖျက်ထားခဲ့သည်။

သူသည် *အခြားလမ်းမှ ဆက်သွယ်ရန် လိုင်းပေါ်သို့ တက်လာခဲ့ပြီး ချိုးကျင်း၏ ပြောချင်ရာ ပြောထားသည့် စာအများအပြားကို တွေ့လိုက်ရသည်။ စစ်မှန်ပြီး စိတ်ရင်းမှန်သော စာများမှစ၍ အဆင့်အတန်းနိမ့်သော စာများနှင့် ဒေါကန်ပြီး နင်းခြေချင်စိတ်ပေါက်စေသော စာများအထိ တစ်ဖက်လူမှာ တစ်ခါလေးမှ စာမပြန်ခဲ့ပေ။

(T/N: သူweiboက ဆက်သွယ်ဖို့ လုပ်တယ်လို့ ပြောချင်တာပါ။ အစက သူက ဒီတိုင်း phone message က ဆက်သွယ်လိုက်တာ)

ဒီ Alpha ရဲ့ ဖယ်ရာမွန်းတွေက ပေါက်ကွဲထွက်နေတယ်!Where stories live. Discover now