Description

8.4K 406 13
                                    

Unicode

ချိုးကျင်းဟာ နောက်တစ်ကြိမ် စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းခံရပြန်တယ်။

နောက်ဆုံးတစ်ခေါက်တုန်းက သူက လူတွေကို ရူးသွပ်သွားစေနိုင်တဲ့ ဖယ်ရာမွန်းတွေနဲ့ Omega တစ်ယောက်ဆီကို ကူးပြောင်းခဲ့ရတယ်။ ဒီတစ်ခါမှာ ကောင်းကင်ဘုံဟာ သက်ညှာခဲ့ပြီး နောက်ဆုံးမှာတော့ သူက alpha တစ်ယောက်အတွင်းသို့ ကူးပြောင်းခဲ့ရသည်။ ထို့အပြင် ဖျော်ဖြေရေးစက်ဝိုင်းအတွင်းတွင် ဆွဲဆောင်မှုအရှိဆုံး Alpha အတွင်းသို့ ဖြစ်သည်။

ကံမကောင်းစွာနဲ့ပဲ သူက အမြှောက်စာဇာတ်ကောင်လေး ဖြစ်နေခဲ့တယ်။

မူရင်းစာအုပ်ထဲက အဓိက Gong က တစ်သီးတစ်ခြားနေတတ်သော အာဏာရှင် CEO ကြီး  ကျိရှန်ရှောင်းဖြစ်သည်။ သူက အမြင့်ဆုံးအဆင့်ရှိ Alpha ဖြစ်သည်။ သူ၏ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းက အလွန်ပြင်းထန်ပြီး omega ဘယ်လောက်များများ သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားပါစေ သူဟာ တောင်တစ်လုံးကဲ့သို့ ရွေ့လျားမှုမရှိ တည်ငြိမ်နေခဲ့သည်။ ထိုအရာက သူ အဓိကဇာတ်လိုက် Shou ကို မတွေ့ခင်အထိဖြစ်ပြီး သူ၏ ဒုတိယသွေးကြောကို နိုးထစေကာ သူ့ကို အရက်စက်ဆုံး gong ခွေးတစ်ကောင်အဖြစ် ပြောင်းလဲစေခဲ့သည်။

ပြီးတော့ ချိုးကျင်းကတော့ ကျိရှန်ရှောင်းနှင့် ယှဥ်ပြိုင်သော အမြှောက်စာဇာတ်ကောင် alpha ဖြစ်သည်။ မာနကြီးပြီး မတရားအုပ်စိုးလိုကာ ခွန်အားသုံးရယူဖို့ ကြိုးစားရင်း ကြီးကျယ်စွာ ကျရှုံးရသည်။ သူက အဓိကဇာတ်လိုက်၏ အောက်ဆုံးစည်းကို ထပ်ကာ ထပ်ကာ စိန်ခေါ်ခဲ့သည်။ နောက်ဆုံးမှာတော့ သူ့ရဲ့ gland က ပျက်စီးသွားကာ သူ၏မိသားစုက ဆင်းရဲမွဲတေသည့် လမ်းသို့ ကျဆင်းသွားခဲ့သည်။

ထိုအရာကို စေ့စေ့စပ်စပ်လေ့လာရင်း ချိုးကျင်းက သူက ဒုက္ခဖြစ်စေသော alpha အမျိုးသားဖြစ်မလာစေရန် ဖော်ပြခဲ့သည်။ အဲတာကြောင့် ဇာတ်လိုက် မင်းသွားလို့ရာ သွားတော့။ သို့သော်လည်း လူသားတွေက ကံကြမ္မာအား မဖီဆန်နိုင်ကြပေ။ ချိုးကျင်းက အဆင့်အတန်းမြင့်မြင့် alpha ဖြစ်လာရန် အားထုတ်နေတုန်းရှိသေး အရင်ဘဝက alpha တွေအကုန်လုံးကို ရူးသွပ်စေခဲ့သည့် ဖယ်ရာမွန်းတွေက ပြန်ပေါ်လာတော့သည်!

ဒီ Alpha ရဲ့ ဖယ်ရာမွန်းတွေက ပေါက်ကွဲထွက်နေတယ်!Where stories live. Discover now