Chapter 3.1 > သူ့ကို မကြိုက်ဘူး

949 161 7
                                    

Unicode

ချိုးယိချင်တွင် *brother complex ရှိသည်။ ထို့ကြောင့် သူသည် ချိုးကျင်း၏ အသနားခံမှုကို တောင့်မခံနိုင်တော့ပေ။ ထို့ထက် ပိုသည်မှာ ချိုးကျင်းက သူ့ကို ဤသို့သော အာမခံချက်မျိုး ပေးသည်လေ။ သူအနည်းငယ် တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် စာကြောင်းတစ်ကြောင်းကို ညှစ်ထုတ်ပြောခဲ့သည်။

(T/N: သိကြတယ်မလား? မြန်မာလိုဆို တိုက်ရိုက်စကားမရှိတဲ့အပြင် ပေါ့သွားမှာစိုးလို့ eng လိုပဲ ထည့်ထားလိုက်တာ)

"ငါမင်းကို နောက်ဆုံးအကြိမ် လုပ်ခွင့်ပေးမယ် ၊ မင်း ငါ့အတွက် အလုပ်ကောင်းကောင်း လုပ်ပေးတာ ကောင်းမယ်"

ချိုးကျင်း: "ကျေးဇူး အစ်ကို! ကျွန်တော် အလုပ်ကြိုးစားပါ့မယ်!"

"ငါမင်းကို မိသားစုလို ထပ်တူချမ်းသာဖို့ မမျှော်လင့်ပါဘူး။ ငါ့အတွက် ပြဿနာသာ မရှာနဲ့"

ချိုးယိချင်အသံကို အရှိန်လျှော့လိုက်သည်။

"ငါ့မှာ ဆောင်ရွက်စရာ ကိစ္စတွေ ရှိသေးလို့ အခုဖုန်းချလိုက်တော့မယ်"

"ဟုတ်ကဲ့ ဘိုင့်"

ချိုးကျင်း ေရချိုးခန်းသို့ သွားပြီး သူ့မျက်နှာကို သစ်လိုက်သည်။ သူ၏ခေါင်းကို မော့လိုက်ချိန်တွင် သူမတတ်နိုင်ဘဲ ကြောင်ကြည့်နေမိသည်။

ဤမျက်နှာသည် သူ့အရင်နှစ်ဘဝနှင့် အတိအကျ တူညီလုနီးပါးပင် ဖြစ်၏။ အခုတော့ သူ၏လိင်မှာ အယ်လ်ဖာဖြစ်သောကြောင့် ဖြစ်မည် ၊ သူ၏ အိုမီဂါကိုယ်ကဲ့သို့ မသိမ်မွေ့ မနူးညံ့ခဲ့ပေ။ သူ၏ *မူရင်း အသွင်အပြင်နှင့် ၊ ပုံသဏ္ဍာန်နှင့် ပိုကာ ဆင်နေခဲ့သည်။

(T/N: ပထမဦးဆုံး အစစ်အမှန်ဘဝ)

အထူးသဖြင့် သူ၏ နက်ရှိုင်းသော မျက်လုံးများ ဖြစ်သည်။ ၎င်းတို့သည် လူအများ၏ အာရုံကို ချက်ချင်းဆိုသလိုပင် ဆွဲဆောင်နိုင်နိုင်ပြီး ထိုခပ်ချွန်ချွန်မျက်နှာပေါ်တွင် မည်သည့်အစက်အပျောက်မှ ရှိပုံမပေါ်ပေ။

ရယ်မောခြင်း ၊ ဝမ်းနည်းခြင်း ၊ ငိုကြွေးခြင်း ၊ ဒေါသ ၊ ချစ်ခင်နှစ်သက်မှု ၊ စိတ်ပျက်အားငယ်မှု... ဤမျက်နှာသည် ခံစားချက်ပေါင်း မျိုးစုံကို တိကျစွာ ဖော်ပြနိုင်သည်- ကင်မရာအတွက် မွေးဖွားလာသော မျက်နှာတစ်ခုပင် ဖြစ်၏။

ဒီ Alpha ရဲ့ ဖယ်ရာမွန်းတွေက ပေါက်ကွဲထွက်နေတယ်!Where stories live. Discover now