အများကြီးသောက်တိုင်းမကောင်းဘူး သောက်နေကျဆိုပေမယ့် သတိထားပါ အင်းး ဆေးကအခုတော့မပါလာဘူး တစ်ယောက်ယောက်ခေါ်သွားပြီး ထည့်ပေးလိုက်မယ်လေ
Nae.. Dr.. များများပေးထားနော် မသွားတိုင်းသောက်ရမှာမို့ မဟုတ်ရင် Dr အမြဲလာနေရမယ်
ဆရာဝန်ကတော့ ခေါင်းရမ်းရင်း ထွက်သွားတယ်
Yo Yo ... Yehet!! ငါကွ အားလုံးသေဖို့ပြင်ထား
ခဏကြာတော့ Luhan အတွက်ဆေးရောက်လာတယ်
Luhan ကတော့မျက်နှာပိုးသတ်ပြီး ယူထားလိုက်တယ်
စိတ်မကောင်းပါဘူး မင်းတို့အတွက်ပဲ ဟာ ဟားးးးး
Luhan သဘောကျစွာရယ်မောလိုက် တယ်
Luhan လေ့လာရသလောက် arjima ကမနက်တိုင်း coffee သောက်ဖို့ဖျော်တယ် ပြီးရင်နာရီကြည့်တယ် ဈေးနောက်ကျပြီဆိုပြီး ဈေးကိုပြေးတယ် ပြန်လာရင် ချက်ပြုတ်တော့တာပဲ
ပြီးမှအေးစက်စက် coffee ကိုမျိုချတယ်
ဒီတော့ကာ arjima က စရမှာပေါ့ ထုံးစံအတိုင်း arjima က coffee ဖျော်ပြီး ပန်းကန်နဲ့အုပ်ခဲ့တယ် ပြီးတော့ဈေးထွက်သွားတယ်
အလွယ်လေးပဲလေ Luhan ရေသောက်သလိုလိုနဲ့ coffee ခွက်ထဲ ဝမ်းနှုတ်ဆေးထည့်လိုက်တယ် ချက်ချင်းထူးတယ်ဆိုတဲ့ ဝမ်းနှုတ်ဆေးပေါ့ Dr ကတော့စေတနာနဲ့ပေးလိုက်ပေမယ့် အားလုံးဝေဒနာဖြစ်ကုန်တော့မယ့် 
arjima နေ့လည်စာပြင်ပြီးတော့ coffee ကိုမော့ချလိုက်တယ် အစောင့်တွေကို ခေါ်ဖို့အပြင်ထွက်သွားတော့ Luhan က ဧည့်ခန်းက sofa ပေါ်မှာ ဘောင်းဘီအိပ်ကပ်ထဲမှာတော့ ဝမ်းနှုတ်ဆေးအထုတ်တွေအပြည့်ပေါ့
arjima အိမ်ပြင်ရောက်ခါနီးး ပြန်လှည့်လာတယ် သေချာတာပေါ့ အိမ်သာပဲသွားမှာ Luhan ပြုံးလိုက်တယ် အချိန်ကအနည်းဆုံး
5 min ပဲ
Luhan လက်တွေက ဝမ်းနှုတ်ဆေး တစိထုတ်ပြီးတစ်ထုတ်ဖောက်နေတယ် ပြီးတော့ ဟင်းခွက်တွေထဲ လိုက်ထည့်တယ် ထည့်တယ် မွှေတယ် မြည်းတော့မကြည့်ပါဘူး ကွိသွားမှာပေါ့
ခဏနေတော့ arjima ပြန်ထွက်လာတယ် Luhan ကတော့ အပြုံးမပျက် sofa ပေါ်ခြေထောက်ချိတ်လျက်
arjima ခြံထဲကိုမရောက် အိမ်သာရှေ့မှာ လည်နေတယ် ဝင်လိုက်ထွက်လိုက်ပေါ့
Luhan arjima အစား အစောင့်တွေကို စားဖို့သွားခေါ်လိုက်တယ် အားလုံးဝင်လာပြီးစားကြတော့ Luhan အပေါ်တက်သွားတယ် ကုတင်အစွန်းမှာထိုင်ရင်း အောက်ထပ်အခြေအနေကို နားစွင့်နေလိုက်တယ်
15 min လောက်ကြာတော့ ဒုန်း ဒုန်းးးး ဟာ ထွက်ဦးးး ငါဝင်ဦးမယ် လုပ်ပါဦးး ဟာ အမြန်လုပ် အားးး မနေနိုင်မထိုင်နိုင်တွေ ဖြစ်ကုန်ကြပြီလေ Luhan တဟားဟား ရယ်ရင်း ပိုက်ဆံအိတ် ခါးကြားထိုးကာ ခပ်တည်တည်အောက်ကိုဆင်းလိုက်တယ်
ဘာဖြစ်ကြာတာလဲ
ဗိုက် ဗိုက်တွေ အရမ်းအောင့်တယ် arjima အမယ်လေး အားးး ဘာတွေထည့်ချက်ထားလဲမသိဘူးး
အမယ်လေး ငါလည်းခံနေရတာပဲ ငါဘာမှမထည့်ဘူးးး
အပြန်အလှန်ပြောဆိုကြရင်း တရားခံက Luhan ဆိုတာ သတိမထားမိ
အပေါ်ထပ်ကိုသုံးချင်သုံးလေ အောက်မှာလူများနေပြီ
arr gomawo အပေါ်ထပ်လုတက်ကြပြန်ရော
ကျေးဇူးတောင်တင်သွားသေးတယ် ဒုက္ခပေးတဲ့သူကို ခ်ခ် Luhan လည်း ဟိုကြည့်ဒီကြည့်နဲ့ တဖြည်းဖြည်း ရွေ့လာတာ့ ခြံထဲရောက်သွားတယ် အားလုံးကအနောက်ဘက်မှာဆိုတော့ သတိမထားမိ
Luhan ခြံအလယ်လောက် ရောက်တော့ အမြန်ပြေးပြီး ခြံတံခါးဖွင့်ပြီး မရပ်မနားပြေးပါလေရော
ခြံသော့လား အစောင့်တွေက ဘောင်းဘီအိတ်ထဲထည့်ထားတာလေ အခုအခြေအနေမဟန်တော့ သော့တွေကစားပွဲခုံပေါ်မှာ
လုပ်နေကြအတိုင်း ရေသောက်ချင်ယောင်ဆောင်ပြီး သော့တစ်တွဲလောက်ကောက်ဆွဲ လိုက်တာလေ Luhan တို့က အသာလေးပဲ
လမ်းထိပ်လောက်ရောက်တော့မှ အနောက်ကအော်သံတွေကြားရတယ် သေချာတယ် သူထွက်ပြေးသွားတာ သိလောက်ရောပေါ့
ခြေဦးတည်ရာလျှောက်ပြေးရတာပေါ့ ဘယ်သွားရင်ဘယ်ရောက်မှန်းလဲအသိ မြို့စွန်ဆိုတော့ မကျွမ်းကျင်ပေ ပြေးရင်း ပြေးရင်း ပြေးရင်းနဲ့ပဲ Luhan တစ်ယောက်....?????
Waiting for vitamin votes and feedbacks.. saranghae.. gamsamitha.. 90° bow..
VOCÊ ESTÁ LENDO
^Second Face^ ( Completed )
Fanfic*Hunhan *Yaoi *အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်း *အမုန်းကြောင့် မှားမိပြီးမှ *နောက်ဆုံး အချစ်တွေ ပြန်လည်ရှင်သန်မှာလား ဆိုတာတော့
^Second Face^ Part-19
Começar do início
