ဖန်ချောင်ကျုံ တစ်ယောက် သူနဲ့နာမည်တူတဲ့ဇာတ်ကောင်ပါတဲ့ ဝတ္ထုထဲကိုကူးပြောင်းသွားခဲ့တယ် သူရဲ့ဇာတ်ကောင်က ဇာတ်လိုက်ရဲ့ဆရာတူ ဒုတိယအကိုကြီးဖြစ်သည်။
မူရင်းဝတ္ထုမှာ ဖန်ချောင်ကျုံက ဇာတ်လိုက်ကိုရူးသွပ်စွာချစ်နေတဲ့သူ ဇာတ်လိုက်အတွက်ဆို ဓားနဲ့အထိုးခံခဲ့တယ် မကောင်းဆိုးဝါးတွေကိုသတ်ဖြတ်တယ် အဆုံးစွန်ပြောရရင် ဇာတ်လိုက်အတွက် ဇာတ်လိုက်ဘာလုပ်လုပ် ဒိုင်းကာအဖြစ်ရှိပေးခဲ့တယ်ဖန်ချောင်ကျုံကူးပြောင်းလာတဲ့အခါမှာတော့...
ထားလိုက်တော့ "အမျိုးသားဇာတ်လိုက်ကို ကြိုက်တဲ့သူတွေများနေတဲ့ဟာကို ငါကြိုက်လည်းငါ့ကိုပြန်မကြိုက်ပါဘူးလေ အိပ်နေတာပဲကောင်းတယ် " အမျိုးသားဇာတ်လိုက်ကိုချစ်ရေးဆိုတဲ့သူတွေက ဖန်ချောင်ကျုံလက်လျော့လိုက်ပြီကိုသိလိုက်ရသောအခါချစ်ရေးဆိုသူ နံပါတ် ၁: ဖန်ချောင်ကျုံ နောက်ဆုံးအကြိမ်တုန်းက ငါလေ ဂျူနီယာညီလေးကို ကောင်းကင်မြက်ပေးလိုက်တယ် သူက ငါ့ကိုကျေးဇူးဆိုပြီးပြန်ပြောတယ်
ဖန်ချောင်ကျုံ (အံ့အားသင့်စွာ): ဂျူနီယာညီလေးမင်းကို စိတ်ဝင်စားနေတယ် ဖြစ်ရမယ်
ချစ်ရေးဆိုသူ နံပါတ် ၂:အရင်တစ်ခေါက်က ငါနဲ့ဂျူနီယာညီလေး မစ်ရှင်သွားလုပ်တာ သူက ငါ့ကိုသေချာဂရုစိုက်ဖို့ပြောတယ်
ဖန်ချောင်ကျုံ (လေးနက်တဲ့ပုံစံဖြင့်):သူမင်းကိုသေချာပေါက်ကိုကြိုက်နေပြီ ဘာလို့လည်းဆိုတော့ မင်းအန္တရာယ်ဖြစ်မှာ သူစိုးရိမ်တယ်လေ
ချစ်ရေးဆိုသူ နံပါတ် ၃:ဖန်ချောင်ကျုံ မနေ့ကတိုက်ပွဲမှာ မကောင်းဆိုးဝါးတွေကြောင့် ဂျူနီယာလေး အဝတ်တွေစုတ်ပြတ်သတ်သွားတော့ ငါရဲ့အဝတ်ကိုဂျူနီယာလေးချွတ်ပေးလိုက်တယ် ဒါပေမဲ့ သူက ငါ့ကိုလုံလုံခြုံခြုံပြန်ဝတ်ခိုင်းတယ် အဲ့တာအဓိပ္ပါယ်လဲ
ဖန်ချောင်ကျုံ (မေးစေ့ကိုလက်နဲ့ပွတ်တဲ့အမူအရာဖြင့်):သေချာတယ် သူမင်းကိုကြိုက်နေတာ ဘာလို့လဲဆိုတော့ မင်းအဝတ်ချွတ်လိုက်တော့ သူမကြည့်ရဲလို့နေမှာ
YOU ARE READING
Transmigrated into a Heartthrob Novel and Went OOC (Myanmar Translation)
RomanceChinese Name:穿进万人迷文的我人设崩了 English Name: Transmigrated into a Heartthrob Novel and want OOC! Myanmar Name:ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဝတ္ထုစာအုပ်ထဲကို ကူးပြောင်းသွားပြီးနောက် ငါလေးOOCဖြစ်သွားခဲ့ပြီ... Author(s) :东施娘 Status in COO: Complete...