..................

"ဟာကွာ!!! တောက်စ်! မင်းစစ်ကုဋေ ခင်ဗျားဘာဖြစ်ချင်နေရတာလဲ!!"

တွေ့ချင်သူကို တစ်ပတ်တိတိမတွေ့ရတဲ့ မာန်ဝဏ္ဏခြိန်းတို့ ဒေါသထွက်လို့ စိတ်ထဲဘဝင်မကျဖြစ်ရ၏။ အလုပ်ဖြင့် သွားသည်ဆိုရင်တောင် ခြိန်းထံ မိနစ်ခြားတစ်ခါ ဖုန်းဆက်တတ်သူက အခု ကိုယ်က ဆက်ရင်တောင် လူကြီးမင်း၏နဲ့သာ ညားနေရသည် ။

"မင်းစစ်ကုဋေ!!! ခင်ဗျားကျုပ်နဲ့တွေ့မယ် မာန်ဝဏ္ဏခြိန်းကို အဲ့လိုစောက်ချိုးမျိုးတွေ လာမချိုးနဲ့ ခင်ဗျားကျုပ်ကို ခွာချချင်နေရင်တောင် ကျုပ်လိုကောင်က ကွာကျပေးမှာ မဟုတ်ဘူး မင်းစစ်ကုဋေ!!!"

အခန်းထဲရှိ ပစ္စည်းတွေအကုန်မှာ ခြိန်းလက်ချက်နဲ့ ပွစာကျဲနေတော့သည် ။ ဖုန်းကိုလည်း ကြမ်းပြင်ပေါ်ကို ပစ်ပေါက်ထားသေးသည် ။

ခြိန်းရဲ့ မျက်နှာချောချောထက်မှာ လူယုတ်မာအပြုံးကြီးနဲ့ ဟက်ခနဲ ခနဲ့လို့ရီနေသည် ။ တစ်စုံတစ်ယောက်ကတော့ သူ့လက်ထဲက ထွက်ပြေးနိုင်မယ် မထင်မိ ။

.................

"ဒါလင်....."

အကောင်းစားဆိုဖာကြီးပေါ်မှာ ခြေချိတ်ထိုက်လျက် စိတ်ညစ်ဟန်ရှိသော အမျိုးသားဖြစ်သူအား မိုးထိပ်ထားစံ ခေါ်လိုက်ခြင်းဖြစ်သည် ။

"ပြောလေ ဟန်နီ ဘာလိုလို့လဲ"

"ဒါလင့်သားနဲ့ ဖုန်းပြောတာ အဆင်မပြေဖူးလားဟင်...ဟန်နီ့ကြောင့် သားနဲ့ဒါလင့်ကြားမှာ အမုန်းတွေပွားစေမိပြီ ဒါလင်ရယ် ဒါတွေက မိုးရဲ့အမှားတွေပါ အဟင့်!"

ဦးမင်းစစ်ခမ်းလျှံရှေ့ အမူပိုလို့သူမက ဇာတ်လမ်းဆင်နေသည်ကိုတော့ ဦးမင်းစစ်ခမ်းလျှံသိမယ် မဟုတ် ။ မ'စိတ်မွှန်နေသူက ဦးမင်းစစ်ခမ်းလျှံပင် ဇနီးပြောသမျှ စုံလုံးကန်လို့ ယုံကြည်နေတော့သည် ။

"ဟန်နီရယ်....ဒါက ဟန်နီနဲ့ မဆိုင်ပါဘူးကွာ ဒီကောင်ကသာ မွေးတဲ့လက်ကိုပြန်ကိုက်ချင်နေတဲ့ကောင်"

"အိုး! ဒါလင်ကလဲ သားလေးကိုအဲ့လိုမပြောပါနဲ့ သားလေးက ဟန်နီကိုအမြင်မကြည်လို့ အခုလိုဖြစ်နေရတာပါ ဒါလင်ရယ် သားလေးမှာ အပြစ်မရှိပါဘူး"

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now