ရှီလာသို့ကူးပြောင်းခြင်း

Start from the beginning
                                    

စိတ်လှုပ်ရှားမိသွားတာကြောင့် လျင်လျင်မြန်မြန်ထထိုင်မိလိုက်တာတော့ ခေါင်းအနောက်ပိုင်းနှင့် လည်ပင်းက တစ်ဆစ်ဆစ်နဲ့ နာကျင်သွားရသည် ။

'အင်းပေါ့လေ...ကားတိုက်ခံရတယ်ဆိုတာကတည်းက နည်းနည်းနောနော‌ နာကျင်မှုမျိုးမှမဟုတ်တာပဲ...ဒါနဲ့ တစ်စိတ်... ကားတိုက်ခံရတဲ့ငါ့ကို Ambulance ခေါ်ပြီးဆေးရုံပို့ရမှာမဟုတ်ဘူးလား ? ဘယ်လိုဖြစ်လို့လှည်းထဲရောက်နေတာလည်း ပြီးတော့ငါ့ရဲ့အဝတ်အစားတွေကကော ဘယ်လိုဖြစ်နေရတာလည်း '

ထိုအခါမှ သတိထားမိပြီး ခန္ဓာကိုယ်အားငုံကြည့်မိတော့ ...သူဝတ်ထားသည်က နူးညံ့လှသည့်ပိုးသားတို့ဖြင့် သေချာချုပ်လုပ်ထားသည့် ပန်းနုရောင်ပိုးသားဂါဝန်လေးဖြစ်နေသည် ။ အတိအကျပြောရမည်ဆိုလျှင်ဖြင့် ၎င်းက နန်းတွင်းဇာတ်လမ်းထဲတွင်ပါနေကျဖြစ်သည့် အမျိုးသမီးဝတ် ရိုးရာဝတ်စုံကြီးဖြစ်သည် ။ ခေတ်ကာလအားဖြင့်‌ဆိုရလျှင် ၎င်းက ရှီလာခေတ်က အမျိုးသမီးဝတ်ရိုးရာဝတ်စုံနှင့်ဆင်တူသည် ။ အတွေးထဲတွင် မရေရာမှုတို့က ပေါ်လာတာကြောင့် လှည်း၏ဘေးတစ်ဖက်တစ်ချက်တွင်ရှိနေသည့် ပြတင်းပေါက်ငယ်လေးအား ဖြည်းဖြည်းချင်းတွန်းဖွင့်၍ အပြင်သို့လှမ်းကြည့်လိုက်သည် ။

သစ်ပင်တို့ဖြင့်အုံမှိုင်းနေသည့် ခပ်ကျဉ်းကျဉ်း လူသွားလမ်းကလေးက လှည်းတစ်စီးသာကောင်းမွန်စွာသွားနိုင်သည် ။ လမ်းကျဉ်းလေး၏တစ်ဖက်တွင်တော့ နှစ်ရှည်ပင်ကြီးများသာပေါက်ရောက်နေသည့် တောင်ပေါ်ဆင်ခြေလျှောကြီးဖြစ်သည် ။ ၎င်းကအတော်လေးကိုမတ်စောက်တာကြောင့် ခြေချော်ကျလျှင် တော်ရုံနှင့်တက်လာ၍မရနိုင်ချေရှိသည် ။ အနှီပတ်ဝန်းကျင်က Taehyung နှင့်တော်တော်လေးကို စိမ်းသက်နေသည့်အပြင် လှည်းနောက်ဖက်တွင်လည်း မြင်းခွာသံများကြားလိုက်ရတာကြောင့် အနည်းငယ်လန့်မိသွားကာ ပြတင်းတံခါးအားဆွဲပိတ်လိုက်သည် ။

ဤကဲ့သို့သောအခြေနေမျိုးတွင် သူဖြစ်နေတဲ့အကြောင်းရာအား နည်းနည်းသဘောပေါက် လာသလိုရှိလာသည် ။ ၎င်းက သူဖတ်ခဲ့ဖူးသည့် ဝတ္ထုတွေထဲကလိုပင် ဝိဉာဏ်ကူးပြောင်းသွားခြင်းဖြစ်နိုင်သည် ။ အကယ်၍ သူသာအမှန်တကယ် ဝိဉာဏ်ကူးပြောင်းသွားခြင်းမျိုးဖြစ်ခဲ့ပါက ယခုသူသည် မည့်သူ့ခန္ဓာကိုယ်ထဲရောက်နေရသနည်း ? သူဝတ်ထားသည်က အမျိုးသမီးအဝတ်အစားများဖြစ်တာကြောင့် မိန်းကလေးကိုယ်ထဲများ ဝင်စားမိတာလား ? အမျိုးမျိုးသောစိုးရိမ်စိတ်တို့နှင့်အတူ အောက်ပိုင်းတစ်နေရာအား သွားစမ်းကြည့်လိုက်တော့မှ...

I'm Not A Girl |TK|✓Where stories live. Discover now