" စိမ့်ဝတီက မင်းကို လက်မခံဘူး နေဝါ့ကိုမင်းသဘောကျနေတာပဲ နေဝါလည်း မင်းကိုလက်ခံတယ် နှစ်ဦးသဘောတူလက်ခံမဲ့ မင်္ဂလာပွဲကိုပဲ လုပ်ချင်လုပ်လေ ဟိုတစ်နေ့ကလည်း စိမ့်ဝတီ ကိုမင်းဘာလုပ်လိုက်လဲငါအကုန်သိတယ် ကောင်းကင်ထက်ယံ"

"အကုန်သိတော့လည်းသိလေ ဘာမှ ဂရုစိုက်နေမှာမဟုတ်ဘူး အေး.....ခင်ဗျားကျွန်တော့်ကိစ္စ ဝင်ပါစရာကိုမလိုဘူး  စိမ့်ဝတီကိစ္စနဲ့ ပတ်သတ်ပြီး ဘာစကားမှ မပြောချင်တော့ဘူး အတိုင်းအတာတစ်ခု ထက်ပိုမလာနဲ့ ခင်ဗျားနေရာခင်ဗျားသိ "

"ငါ့နေရာက ဘယ်နေရာလဲ"

"ခင်ဗျား အမေ ဒေါ်မူရာသွင် အကြောင်း ကျွန်တော်အကုန်သိတယ် "

"ကောင်းကင်ထက်ယံ!"

"ကျစ်!"

နေ့လည်ကမှ ကာလာသွင်းလာတဲ့ ဆံပင်တွေကို စိတ်ကသိကအောက်ဖြစ်စွာ သပ်တင်လိုက်သည်။ဒီဘဲ စောက်ဇယားလာရှုပ်လို့ ဖေဖေကပါပါလာပြီ။ဒီကိစ္စက အကြောရှည်တော့မှာကျိန်းသေပင်

"မင်းတို့ညီအစ်ကိုရန်ဖြစ်တာ ဖေဖေ ဘာမှမပြောလိုဘူး သား မူရာကို ဆွဲမထည့်နဲ့လို့ပဲဖေဖေပြောချင်တယ်"

"ဒီလူသူ့နေရာကိုသိဖို့တော့ သတိပေးရမှာပဲ ကျွန်တော် မျက်နှာချင်းမဆိုင်ချင်တဲ့လူတွေ များလာလို့ ပြန်ပါတော့မယ်"

"ဒါကသားအိမ်ပဲလေကွာ "

ဦးထက်ဦးယံစကားကြောင့် နောက်သို့ပြန်လှည့်ရင်း ဟုတ်လားဆိုသည့်မျက်နှာပေးနှင့်ထွက်သွားသည့်သား။

ကောင်းကင် ၅နှစ်လောက်မှာမေမေဆုံးတော့ သြစတြေးလျ ကိုအလုပ်ကိစ္စနှင့်သွားရတော့ ဖေဖေကသူ့ကိုပါခေါ်သွားခဲ့တာဖြစ်သည်။
ဟိုမှာ ဒေါ်မူရာသွင်နဲ့ ဖေဖေ တို့တွေ့ကြတာ။ဒေါ်မူရာသွင်ကအရင်အိမ်ထောင်နဲ့ရသည့်ကလေးပါလာခဲ့တာ ဖေဖေက ထိုလူကိုတောင် သူနဲ့ နာမည်တူ‌ေစရန် မိုးထက်ယံဟုပေးခဲ့တာ။ထိုမိန်းမနဲ့အတူ ‌ေဖဖေက ဩစတြေးလျမှာပဲ အ‌ေခြချခဲ့တာ

ကောင်းကင် မေမေ့ရဲ့နှစ်ပတ်လည်နေ့တွေမှာတောင် မေမေရှိရာမြေသို့ခြေဦးပင်မလှည့်ခဲ့ရ။ထိုမိန်းမကို မေမေ့နေရာထားသလို သွေးမတော်သားမစပ်သည့်ထိုမိန်းမသားကို သူနှင့်တန်းတူထားသည့်ဖေဖေ့ကိုလည်း ကောင်းကင်ဘယ်တုန်းကမှ နားမလည်ခဲ့ဘူး စီးပွားရေးနှင့် အမွေကိစ္စတွေမှာ ကောင်းကင်  က အကုန်ရရသည့်အကြောင်းအရင်းကစည်းစိမ် ဥစ္စာမှန်သမျှကမေမေ မသေခင်ကတည်းက အကျိုးခံစားခွင့်တိုင်းကို သူ့နာမည်နဲ့ ပေးထားခဲ့တာကြောင့်ပဲ

I am not girl(Complete)Where stories live. Discover now