' ဒေါက်တာ့ကောင်လေးထင်တယ် '

' ဒေါက်တာကတော့ သူ့ကောင်လေး  လာကြိုမယ်ပြောတာဘဲ။မောင်လေးမဟုတ်ရင် ဘယ်သူပါလိမ့် '

" အားးးး"

" ခွမ်း"

သွေးသု စားပွဲပေါ်မှပန်းအိုးအား နံရံထက်သို့ပစ်ပေါက်လိုက်ခြင်းဖြစ်သည်။

ကိုးလ် ခင်ဗျားမှာ တကယ်ဘဲချစ်သူကောင်လေးရှိနေတာလား။ ကျွန်တော့ရင်ဘတ်တွေက ဘာလို့နာနေရတာလဲ။ပြီးတော့ ပြီးတော့ မျက်ရည်တွေကရောဘာလို့ကျနေရတာလဲ။ ကျွန်တော့်ကို ခင်ဗျား ချစ်တယ်လို့  ပြောဖူးတယ်မလား။ ခင်ဗျား စကားကို ခင်ဗျား တာဝန်ယူရမယ်လေ။

ကျွန်တော်က မချစ်ချင်ဘူး ခင်ဗျားရဲ့။ အချစ်ဘဲခံချင်တာ။ ချစ်ခြင်းမေတ္တာဆိုတာကိုကျွန်တော်နားမလည်ဘူးခင်ဗျားရယ်။ သိလည်းမသိချင်ဘူး။ ကျွန်တော်သိတာ ခင်ဗျားကျွန်တော့ဘေးရှိနေရင်ကျွန်တော်ပျော်တယ်။ခင်ဗျားရဲ့ပေါက်ကရအပြုအမူတိုင်းကကျွန်တော့ကိုပြုံးစေတယ်။ခင်ဗျားနားမှာ တစ်ခြားတစ်ယောက်ရှိနေတာကိုလည်း ကျွန်တော်သဘောမကျဘူး။ ခင်ဗျားဘေးမှာကျွန်တော်ကလွဲပြီးဘယ်သူ့မှမရှိရဘူး ကိုးလ်။ကျွန်တော် ခင်ဗျားကို မဆုံးရှုံးချင်ဘူးဗျာ။

ကုဋေ operation ခန်းထဲ ၅နာရီကြာ မတ်တပ်ရပ်ခွဲစိတ်နေရတာကြောင့် အတော်ညောင်းချိနေပြီဖြစ်သည်။ ဒီအချိန်ဆိုမာန်လေးလည်းရောက်လောက်ပြီထင်တယ်။ဂျူတီကုတ်တောင်မချွတ်အားသေး။ ကုဋေ သူ၏ နားနေခန်းရှိရာသို့ အပြေးသွားလိုက်သည်။တံခါးကိုအဖွင့် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကုဋေ့  ရင်တွေဗြောင်းဆန်ကုန်ရသည်။မာန်လေးက ထိုင်ခုံပေါ်မှာ ငူငူကြီး ထိုင်နေပြီး ပါးပြင်ထက်တွင်မျက်ရည်များစီးကျနေသည်။ကြမ်းပြင်ပေါ်မှာလည်း ဖန်ကွဲစများကပြန့်ကျဲနေပြီး မာန်လေး၏ခြေဖမိုးတွင် ဖန်ကွဲစများကစိုက်နေပြီးသွေးများပင် စီးကျနေသည်။

' ဘာတွေများဖြစ်ရတာလဲ ကိုကို့ ကလေးရာ ။ ကိုကို့ရင်တွေ နာလိုက်တာ။ '

" ကလေး ကလေး ဘာဖြစ်တာလဲ "

"ကျစ် ! နာနေတော့မှာဘဲ "

အတ္တတို့ခေါ်ဆောင်ရာ အချစ်ရပ်ဝန်းသို့(Complete)(Season-1)Nơi câu chuyện tồn tại. Hãy khám phá bây giờ